နေပြည်တော် ဇွန် ၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်အတွင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်မည့် ညောင်ဦးလေဆိပ်လမ်းဆုံမှ ပုဂံမြို့သစ် အဝင်လမ်း(လမ်းသစ်)၊ ချောက်-စဉ့်ကူ-ပုဂံလမ်း၊ ကျောက်ပန်း တောင်း-ညောင်ဦး-ပုဂံလမ်းနှင့် ညောင်ဦး-မြင်းခြံလမ်း (မြို့တွင်း လမ်း) တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက်
ဒုတိယဝန်ကြီးသည် BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် နှင်းသဇင်ကုမ္ပဏီမှ
ဂွေးချို-ချောက်လမ်းပိုင်းလမ်းပေါက်ပြုပြင်ခြင်း၊ လမ်းပခုံးမြေနီ
ကျောက်စရစ်ခင်းခြင်းနှင့် ရေပိတ် လွှာလောင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊
ရန်ကုန် - ပြည် - မန္တလေးလမ်း (ဂွေးချို- ရေနံချောင်းလမ်းပိုင်း)
လမ်းပေါက်များနှင့် လမ်းပခုံးများ ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်း
များကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဂွေးချိုတိုးဂိတ်အနီးရှိ ကောင်းမွန်ကုမ္ပဏီလမ်း
လုပ်ငန်းရှင်းလင်းဆောင်၌ BOT ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်
တွေ့ဆုံကာ လမ်းပေါက်များမရှိ စေရေးနှင့် လမ်းပခုံးများကို မြေနီကျောက်စရစ်ဖြင့် ခင်းနိုင်ရေးအမြန်ပြင်ဆင်ဆောင်ရွက်ရန်၊
လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေး၊ လမ်းဘေးချုံနွယ်များ ရှင်းလင်းရေးဆောင်ရွက်သွားရန်၊
BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများအနေဖြင့်
မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းကို နှစ်လအတွင်းအပြီး ဆောင်ရွက်ရေးစီမံချက်ချမှတ်ဆောင်ရွက်ရန်၊
ဌာနမှ တာဝန်ရှိသည့် အင်ဂျင်နီယာချုပ်များ၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ)
များ၊ ခရိုင်၊ မြို့နယ်လမ်းအင်ဂျင်နီယာများအနေဖြင့် မိမိလမ်းဧရိယာနယ်မြေအတွင်း
လမ်းများပျက်စီးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး၍ BOT ကုမ္ပဏီများသို့
အချိန်မီပြုပြင်နိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက်
ဒုတိယဝန်ကြီးသည် ရန်ကုန်-ပြည်-မန္တလေး လမ်း (ရေနံချောင်းမြို့ရှောင်လမ်း ပိုင်း) လမ်းပေါက်ပြုပြင်ခြင်းနှင့်
ရေပိတ်လွှာလောင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ကံပြားလမ်းဆုံအနီးရှိ
ကောင်းမွန်ကုမ္ပဏီလမ်းလုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူက
လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍
ဒုတိယဝန်ကြီးသည် မကွေးမြို့အဝင် မုခ်ဦးအနီး ကောင်းမွန်ကုမ္ပဏီမှ AC ကတ္တရာ
ခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊
ရန်ကုန်-ပြည်-မန္တလေး (မကွေး - တောင်းတွင်းကြီးလမ်းပိုင်း)ကို Max Highways
ကုမ္ပဏီမှ ရေပိတ်လွှာလောင်းခြင်းလုပ်ငန်း
ဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment