နေပြည်တော် ဇွန် ၂၅
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)နှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယခုအခါ
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ
နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ
သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို
ဆောင်ရွက်ခဲ့ကြပြီးနောက် ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီးတွင်
သင်တန်းဖွင့်ပွဲများပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင်
သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ
ပြောကြားကြသည်။
အဆိုပါ
သင်တန်းကျောင်းများသို့ နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍
သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃)မှ သင်တန်းသားများအား
တွေ့ဆုံအမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းသားများအတွက်
ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ယနေ့တွင်
ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃)မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ်
နိုင်ငံ့တာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ရန်သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏
စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါသည်-
“စစ်မှုထမ်းရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ကိုက်ညီလို့ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်အရ
စိတ်ပါပြီးတော့မှ စာရင်းပေးပြီး ဒီကိုရောက်ရှိလာတာပါ။ ကျွန်တော်ဒီသင်တန်း ပြီးဆုံးသွားရင်တော့
ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်ရယ်၊ ပြီးရင် စည်းကမ်းတကျနဲ့လည်း နေထိုင်သွားမယ်။
ဒီသင်တန်းပြီးလို့ရှိရင် တာဝန်ကျတဲ့နေရာမှာ နိုင်ငံ့တာဝန်တွေကို ကျေပွန်အောင်
ထမ်းဆောင်ပါမယ်” ဟု သင်တန်းသားတစ်ဦးက ပြောသည်။
“အမှတ်စဉ်(၂)မှာ စာရင်းသွားပေးတယ်။ ဒါပေမယ့် လူစာရင်းပြည့်သွားတဲ့အတွက် ကျွန်တော်တက်ရောက်ခွင့်မရခဲ့တာပါ။
အမှတ်စဉ်(၃) မှာ ကျွန်တော့်ဆန္ဒနဲ့ ကျွန်တော်ဝင်လာခဲ့တာပါ။ နိုင်ငံတကာမှာ
ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းထားတဲ့အတွက်ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း
အခုလို ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တာ မြန်မာနိုင်ငံအတွက် အများကြီးအကျိုးရှိပါတယ်။
ကျွန်တော်တို့ ဘာသာ၊ သာသနာကာကွယ်ဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ အဲဒါကြောင့်မလို့
ကျွန်တော်တို့ အခုလိုသင်တန်းတက်ရောက်လာတာပါ။ နောက်လာတက်မယ့် အမှတ်စဉ်တွေက ညီအစ်ကိုမောင်နှမတွေကိုလည်း
ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်” ဟု သင်တန်းသားတစ်ဦးက ပြောသည်။
“ရောက်ရှိလာတဲ့ အချိန်မှာ ခံစားချက်ကတော့ အလွန်ကို ပျော်ရွှင်တဲ့ခံစားချက်ရရှိပါတယ်။
ကိုယ့်ရှေ့မှာလုပ်နေတဲ့ စီနီယာကြီးတွေကို ကြည့်ပြီးတော့မှ အားကျရပါတယ်။ လေးလည်းလေးစားရပါတယ်။
ဒီမှာရှိတဲ့ နည်းပြတွေ အကုန်လုံးကလည်း ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမ
သွေးသားရင်းလိုမျိုး ဂရုစိုက်တဲ့အတွက် အားလုံးအစစအရာရာ အဆင်ပြေပါတယ်။ ညီအစ်ကိုတို့
ကို ပြောချင်တာကတော့ သူများကောလာဟလတွေကို လုံးဝ (လုံးဝ) မယုံဘဲနဲ့ ဒီမှာရှိတဲ့
ညီအစ်ကို မောင်နှမတွေ ဘယ်လိုအဆင်ပြေနေတယ်။ ဘယ်လိုပျော်ရွှင်နေကျတယ် ဆိုတာလေးကို သိစေချင်ပါတယ်။
လာရောက်မယ်ဆိုလို့ရှိရင်လည်း နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ် ခင်ဗျာ” ဟု
သင်တန်းသားတစ်ဦးက ပြောသည်။
သတင်းစဉ်





No comments:
Post a Comment