နေပြည်တော် ဇွန် ၂၅
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့ တက်ရောက်အားပေးသည်။
ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
ရှေးဦးစွာ
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို
ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စည်ပင်သာယာရေးဝန်ကြီး
ဦးကျော်ဆန်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးသန့်ဇော်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ
ပါဝင်ကူညီခဲ့သည့် ပန်းဖွားအဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် တိုးနယားအကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ
ပေးအပ်ကြသည်။
ဆက်လက်၍
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်း၌ ဆက်လက်ကျင်းပရာ အမှတ် (၂)
အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့
သွားကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး
“စာပဒေသာ
ဝေဆာစေမည်” Video Clip ကို ပြသသည်။
ဝိုင်းဝန်းလုပ်ဆောင်
ထို့နောက်
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်
ရွက်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင်
နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကို
အခြေခံ၍ တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသူ
ကျောင်းသား၊ လူငယ်၊ လူရွယ်များအား အဓိကပြုစုပျိုးထောင်၍ ဝိုင်းဝန်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်က
ပညာသင်ခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်ပျိုးထောင်ခြင်းဖြစ်၍
လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန်၊ စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များ
ဖန်တီးပေးရန် လမ်းညွှန်ထားပါကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများစွာ
ရရှိနိုင်သဖြင့် စာအုပ်စာပေကို ခင်တွယ်ပြီး တန်ဖိုးထားဖတ်ရှုကြရန်လိုပါကြောင်း၊
စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မလုပ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊
မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
သို့မှသာ နောင်တစ်ခေတ်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့်
နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မန္တလေးတိုင်းဒေသကြီးအတွင်း
ကျေးရွာစာကြည့်တိုက် အသစ် ၁၇ လုံး ဆောက်လုပ်နိုင်ရေး အတွက် ငွေကျပ်သိန်း
၂၅၅၀ နှင့်
ဒေသခံပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန် ကျေးရွာစာကြည့်တိုက် ၆၀၀ အတွက် စာအုပ်စာစောင်
၁၂၀၀၀ တို့ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က လက်ခံရယူပြီး
ပြင်ဦးလွင်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများအတွက် DTH စလောင်း ခုနစ်စုံနှင့် DVB T2 Set Top Box ခုနစ်လုံးတို့ကို
ပေးအပ်လှူဒါန်းရာ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာ ဆရာမကြီးများက
လက်ခံရယူကြသည်။
ယင်းနောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားသည်။
ထို့နောက်
စာရေးဆရာ ဦးအောင်သင်း (ကိုရွှေအောင်သင်း) က ကျောင်းစာကြည့်တိုက်အတွက်
စာအုပ်/
စာစောင်များကို ပေးအပ်လှူဒါန်းရာ ခရိုင်ပညာရေးမှူး ဒေါ်ရွှေစင်အိက လက်ခံရယူသည်။
ဖျော်ဖြေတင်ဆက်
ဆက်လက်၍
နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် အကယ်ဒမီ အုန်းသီး၊ ဒိန်းဒေါင်နှင့် ငြိမ်းချမ်းတို့က
ဖျော်ဖြေတင်ဆက်ကြသည်။
ကြည့်ရှုအားပေး
ယင်းနောက်
အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက
“ထာဝရမြန်မာ”
သီချင်းဖြင့်လည်းကောင်း၊
အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက
“အောင်မြင်ပါစေ
မြန်မာပြည်” သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသား ကျောင်းသူများက “ဘက်စုံပညာရည်တို့လှမ်းချီ”
သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး
အကအဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ဌာနဆိုင်ရာပြခန်းများ၊
ဓာတ်ပုံပြပွဲများ၊
ပုံပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊
ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများ ကျင်းပနေမှုများကို
လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယခုကျင်းပသည့်
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့
ပြင်ဦးလွင်မြို့ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ
ကျောင်းသား ကျောင်းသူ ၄၀၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ပွဲတော်တွင် ခင်းကျင်းပြသထားသည့်
ပြခန်းများကို ကြည့်ရှုလေ့လာကာ ပြိုင်ပွဲများနှင့် ဖျော်ဖြေပွဲများတွင်လည်း ပျော်ပျော်ရွှင်ရွှင်
ပါဝင်ဆင်နွှဲခဲ့ကြသည်။
သတင်းစဉ်


No comments:
Post a Comment