နေပြည်တော် ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို ဇွန်လ ၂၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြသီတာကျေးရွာမှ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ
စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် PDF
အမည်ခံအကြမ်းဖက်သမားများ ဇွန်လ ၂၃ ရက်နေ့ ည ၁၀
နာရီချိန်ခန့်က ရောက်ရှိနေပြီး အင်းအားစုဖွဲ့လျက်ရှိကြောင်း အကြမ်းဖက်မှုကို
မလိုလားသည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက
အကြမ်းဖက်သမားများ စုဖွဲ့ရောက်ရှိနေသည့် နေရာများအား လက်နက်ကြီးများဖြင့်
ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုများရှိပြီး
ထွက်ပြေးသွားခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏
ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ
အကြမ်းဖက်သမားများမှ ဇွန်လ ၂၂ ရက်နေ့တွင်လည်း စဉ့်ကူးမြို့နယ်၊
ကျည်တောက်ပေါက်ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့ကြောင်း
သိရှိရသည်။ တရားမဝင်ပြည်ဖျက် မီဒီယာများသည် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို
ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက်
မြေပြင်ဖြစ်စဉ်နှင့် ကွဲလွဲနေသည့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ
လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment