နေပြည်တော် ဇွန် ၂၅
ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ရေမြေ ဖြစ်ထွန်းစေရန်၊ ကောင်းမွန်မျှတသည့် ရာသီဥတုဖြစ်ပေါ်စေရန်နှင့် အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိခရိုင် တရားရုံးရှေ့၌ ကျင်းပသည်။
အခမ်းအနားသို့
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီးများ တက်ရောက်၍ ရတနာတန်းဝင် တမလန်းပင် များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး
အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်
ကောင်စီနယ်မြေအတွင်းရှိ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ
တရားသူကြီးများ၊ တရားရေး အရာရှိများနှင့် ရုံးဝန်ထမ်းများက အမျိုးသားရေးလှုပ်ရှားမှုအသွင်
ဖြင့် သတ်မှတ်နေရာများ၌ ရတနာတန်းဝင်ကျွန်းနှင့် တမလန်းပင်များ စုပေါင်းစိုက်ပျိုးနေမှုကို
လှည့်လည်ကြည့်ရှုအားပေးကြသည်။
ပြည်ထောင်စုတရား
လွှတ်တော်ချုပ်အနေဖြင့် ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းနှင့်
တမလန်းပင် စုစုပေါင်း ၁၃၆ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment