ရန်ကုန် ဇွန် ၂၅
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာနလက်အောက်ရှိ ရွှေပြည်သာမြို့နယ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ ဇွန် ၂၅ ရက် က မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင်
ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မေသွယ်နှင့်
အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား
ကျောင်းသူများက ပျိုးပင် ၃၀၀ ကို စုပေါင်းစိုက်ပျိုးကြသည်။
သတင်းစဉ်

No comments:
Post a Comment