နေပြည်တော် ဇွန် ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်အပြည်ပြည်ဆိုင်ရာ ကန်ထရိုက်တာများအသင်းနှင့် မကာအိုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့အစည်းတို့မှ Green Innovation and Digital Connectivity (စိမ်းလန်းသော တီထွင်ဆန်းသစ်မှုနှင့် ဒစ်ဂျစ်တယ်ကူးလူးဆက်သွယ်မှု) ဆောင်ပုဒ်ဖြင့် ကျင်းပသည့် (၁၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီး မြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ် (The 15th International Infrastructure Investment and Construction Forum – IIICF) သို့ တက်ရောက်ပြီး ယမန်နေ့ နံနက်ပိုင်းက မကာအိုလေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် ပြန်လည်ထွက်ခွာလာခဲ့ရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ
တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်
တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေယာဉ် ဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါခရီးစဉ်အတွင်း မြန်မာနိုင်ငံ၌ အခြေခံအဆောက်အအုံဆိုင်ရာ
တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ State Home
Company များကို သီးခြားစီတွေ့ဆုံ၍ ဒေသအတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့်
အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများတွင် Green Innovation and Digital
Connectivity များ ဖော်ဆောင်နိုင်မည့် အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ State Home Company များဘက်မှ အကြီးအကဲများနှင့် တာဝန်ရှိသူများ
တက်ရောက်ကြပြီး မြန်မာနိုင်ငံအတွက် အခြေခံအဆောက်အအုံဆိုင်ရာ နည်းပညာနှင့် ဖွံ့ဖြိုး
တိုးတက်မှု မြန်ဆန်ကောင်းမွန်လာစေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ၏ Feasibility
Study(FS) လေ့လာဆန်းစစ်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံအဆောက်အအုံများ
ဖွံ့ဖြိုးတိုးတက်လာစေရေးကဏ္ဍများအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းပညာမျှဝေပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်
(Human Resources) မြှင့်တင်ခြင်းဆိုင်ရာ ဆောင်ရွက်မှုများနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုး
တိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှုကိစ္စရပ်များ၊ အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်
နိုင်မည့်နည်းလမ်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။
မေးမြန်းဆွေးနွေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပတ်ဝန်းကျင်သဘာဝကိုမထိခိုက်စေဘဲ ကာဗွန်ဒိုင်
အောက်ဆိုက်ကို လျှော့ချ၍ စိမ်းလန်းသော တိုးတက်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် မကာအိုမြို့အတွင်း ဆောင်ရွက်နေသော စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင်
ထုတ်လုပ်ရန် တည်ဆောက်နေသော အဆောက်အအုံကိုလည်းကောင်း၊ လူမှုပတ်ဝန်းကျင်ကို အနှောင့်
အယှက်မဖြစ်စေဘဲ လူမှုစီးပွားတိုးတက်အောင် ဖော်ဆောင်မှုအစီအစဉ်ဖြင့် ဆောင်ရွက်နေသော
မကာအိုမြို့တွင်း လမ်းချဲ့ခြင်းလုပ်ငန်းခွင်သို့ သွားရောက်၍ ဆူညံသံနှင့် ဖုန်မှုန့်များ
မပျံ့လွင့်စေရန် ထိန်းချုပ်ဆောင်ရွက်သည့်အခြေအနေနှင့် ကျောက်တောင်များကို ပတ်ဝန်းကျင်အနှောင့်
အယှက်မရှိအောင် ဖယ်ရှားရှင်းလင်းဆောင်ရွက်သည့်အခြေအနေများကိုလည်းကောင်း လေ့လာ၍ သိရှိ
လိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် (၁၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊
ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ်ကျင်းပပြုလုပ်ခြင်းနှင့်စပ်လျဉ်းပြီး သုံးသပ်ဖော်ထုတ်
ဆွေးနွေးပွဲအစီအစဉ်သို့ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောနိုင်ငံများမှ အခြေခံအဆောက်အအုံများနှင့်
သက်ဆိုင်သောဝန်ကြီးများနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ပြီး IIICF မှ ကြီးမှူး၍ ပြသထားသော
Green Innovation and Digital Connectivity ဆိုင်ရာ ပြခန်းများကို လိုက်လံကြည့်ရှု၍
သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment