နေပြည်တော် ဇွန် ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇွန် ၂၁ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီးရှိ မြို့ကြီးရေလှောင်တမံ၏ ဝင်ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် တမံမှ ရေပေးဝေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းခမ်းရေလှောင်တမံစီမံကိန်းမှ ရေလွှဲပေးပို့ကာ ဇော်ဂျီရေလှောင်တမံမှတစ်ဆင့် မြို့ကြီးရေလှောင်တမံသို့ ရေဖြည့်တင်းပေးခြင်းအားဖြင့် ရေသိုလှောင်မှု ပိုမိုရရှိလာသည့် ရေများကို မိတ္ထီလာလွင်ပြင် ရေပိုမိုရရှိရေးအတွက် စီမံဆောင်ရွက်ရန်နှင့် လိုအပ်သော တိုင်းတာမှုများ ကွင်းဆင်းဆောင်ရွက်မှုကို အချိန်မီတင်ပြနိုင်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မြို့ကြီး ရေလှောင်တမံ ရေဝင်ရောက်မှုနှင့် ရေလွှဲဆည်မှ ကင်းတားလက်ယာ
မြောင်းသို့ ရေကူပေးပို့မည့် မြို့ကြီးမြောင်းမတော် အမှတ် (၁) ၏ ရေစီးရေလာအခြေအနေများကို
ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြို့ကြီး မြောင်းမတော် အမှတ် (၁) မှ ကင်းတားလက်ယာ
တူးမြောင်း ရေသောက်စနစ်သို့ရေပို့လွှတ်နိုင်မည့်အခြေအနေနှင့် ပန်းလောင်မြစ်အတွင်းသို့
ဆက်သွယ် တူးမြောင်းဖောက်လုပ်၍ ရေချပေးခြင်းအားဖြင့် ပန်းလောင်မြစ်ပေါ်တွင် တည်ဆောက်ထားသော
မယ်ဇယ်ပင်သာရေလွှဲဆည်၊ ကျီးမဲရေလွှဲဆည်နှင့် စမာရေလွှဲဆည်များ၏ ရေသောက်စနစ်များ ရေပေးဝေနိုင်မည့်အခြေအနေကို
ကွင်းဆင်းစစ်ဆေးပြီး လက်ရှိစိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများအပေါ်တွင် သီးထပ်သီးနှံများ
တိုးတက်စိုက်ပျိုးနိုင်ရန်နှင့် ဆည်ရေမရရှိသေးသည့် နေရာများတွင် ဆည်ရေရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်
လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
အလားတူ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးခင်ဇော်နှင့် ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ တာဝန်ရှိသူများသည် မိတ္ထီလာခရိုင်အတွင်း
စိုက်ပျိုးမြေ ဧရိယာအသစ်များ တိုးတက်ပေးဝေနိုင်ရေးအတွက် ဒေသအတွင်း ရေရှိရနိုင်မည့်အရင်းအမြစ်နေရာများ
ရှာဖွေ ဆောင်ရွက်ပေးလျက်ရှိရာ ပျော်ဘွယ်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျောက်အိုးရေလှောင်တမံ
အဆိုပြု နေရာနှင့် ဖျောက်ဆိပ်ပင်ရေလှောင်တမံ ဆောင်ရွက်နိုင်မည့်အခြေအနေများကို ကွင်းဆင်းကြည့်ရှု
စစ်ဆေးကြသည်။
အဆိုပါ ရေလှောင်တမံများ တည်ဆောက်နိုင်ပါက မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးမြေဧရိယာ
အသစ်များကို ရေပိုမိုပေးဝေနိုင်မည်ဖြစ်သဖြင့် အသေးစိတ်ထပ်မံတိုင်းတာခြင်းနှင့် စူးစမ်းလေ့လာ
ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment