Tuesday, June 25, 2024

ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြရန် ထပ်မံအသိပေး

အသိပေးကြေညာချက်

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်

၁။ ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးစျေးကွက်နှင့် စျေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေ များကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများအနေဖြင့် Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo)-www.myro.com.mm တွင် ၂၀၂၃ ခုနှစ်၊  နိုဝင်ဘာလ  ၃  ရက်နေ့ မှစတင်၍ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။ ယခုအခါ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့အထိ Myanmar Rice Online (MyRo)- www.myro.com.mm တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများ၏ သိုလှောင်ရုံအရေ အတွက် ၂၁၃ လုံး၊ တစ်ဦးချင်းလုပ်ငန်းရှင်များ၏ သိုလှောင်ရုံ ၅၁၃ လုံး၊ စုစုပေါင်း သိုလှောင်ရုံ အရေအတွက် ၇၂၆ လုံး မှတ်ပုံတင်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းအလို့ငှာ ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် မိမိတို့၏ သိုလှောင်ရုံများကို Myanmar Rice Online (MyRo)-www.myro.com.mmတွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြပါရန် ထပ်မံအသိပေးကြေညာအပ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

No comments:

Post a Comment