ရန်ကုန် မေ ၁၂
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ရှိ ဆေးပညာ ကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန (Medical SkillS, simulation and research center) တွင် ကျင်းပနေသေည့် အခြေခံအရိုးရောဂါ ခွဲစိတ်ကုပညာကျွမ်းကျင်မှုသင်တန်း (Basic Orthopaedic surgical skills course) အရိုးရောဂါ ခွဲစိတ်ကုသမှု လက်တွေ့ကျွမ်းကျင်မှု လေ့ကျင့် သင်ကြားနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးအားပေးပြီး သင်တန်းပို့ချလျက်ရှိသော အရိုးရောဂါပညာဌာနမှ ဆရာများနှင့် သင်တန်းတက်ရောက်လျက်ရှိသည့် ဆေးပညာမဟာသိပ္ပံ ကျောင်းသား ကျောင်းသူများကို တရင်းတနှီးတွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးတက္ကသိုလ်(၁) ရန်ကုန်
သင်တန်း သား သင်တန်းသူများ အဆောင်ထားရှိရန် အဆောက်အဦကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များကို မှာကြားသည်။ ထိုမှတစ်ဆင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနဝင်းအတွင်းရှိ
ဆေးတက္ကသိုလ် (၁) ရန်ကုန် RC ငါးထပ်သင်တန်းသား သင်တန်းသူများအဆောင် ဆောက်လုပ်မှုလုပ်ငန်းခွင်နှင့်
ကျောင်းသား ကျောင်းသူအဆောင် ဆောက်လုပ်မည့်မြေနေရာကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အရိုးနှင့်
ထိခိုက်ဒဏ်ရာ ကုဌာန၊ ဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ ဓာတ်ရောင်ခြည်ဆေးကုဌာနများတွင်
ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လူနာများကို
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုနစ်ထပ်ဆောင်သစ်ကြီးတွင်
ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍
လူနာများ စိတ်အေးချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေး၊ ဆေးဝါး များ ပြတ်လပ်မှုမရှိစေရေး၊
အဆောက်အဦ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စနစ်တကျစီမံ
ဆောင်ရွက်ထားရှိရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment