နေပြည်တော် မေ ၁၂
တပ်မတော်တွင် ဆဌမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၊ အထူးကုသမှု စင်တာ၌ ဆက်လက်ပြုလုပ်သည်။
အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာဖြစ်သူ ဦးဇော်ဌေးနှင့် တူမဖြစ်သူ အသည်းအလှူရှင်
ဒေါ်နွယ်နွယ်ဝင်း တို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။
အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်းထုတ်ယူ
ခြင်းကို နံနက် ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသော အသည်းကို ညနေ ၅ နာရီအချိန်ခန့်တွင်
အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန်
၁၀ နာရီခွဲကြာမြင့်ခဲ့ပါသည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံ လူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း
ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို
သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုကို တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment