၂၀၂၄ ခုနှစ်၊ မေလ၊ ၁၀ ရက်
မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်ရှိ ဆုံရွာကျေးရွာအား PDF အမည်ခံ အကြမ်းဖက်သမား များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာနေ ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားသိရပါသည်။
ယခုကဲ့သို့ လက်နက်တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်းမရှိ သော အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ် ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ခြင်းတို့အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို)အနေဖြင့် လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)
No comments:
Post a Comment