Friday, March 29, 2024

Public Opinion Analysis (AI) နည်းပညာသင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် မတ် ၂၈

ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ Public Opinion Analysis (AI) နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာဒေါက်တာကျော်ကျော်လင်း၊ ဒေါက်တာဖြိုးပိုင်ကိုနှင့်အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

ရှေးဦးစွာ မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင် က မိမိတို့မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် (AI) နည်းပညာအသုံးပြု၍ သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ယခုကဲ့သို့ သင်တန်းကို ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်း၊ နောက်ထပ်သင်တန်းသားများ ဆက်လက်မွေးထုတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းဆရာ ဒေါက်တာကျော်ကျော်လင်းက အောက်တိုဘာ ၇ ရက်မှစ၍ မတ် ၂၁ ရက်အထိ သင်တန်းကာလ (၅ လကျော်) တွင် ပို့ချခဲ့သည့်ဘာသာ ရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားသင်တန်းသူ ရှစ်ဦးထံသို့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်စန္ဒီလင်း

No comments:

Post a Comment