Friday, March 29, 2024

အလုပ်သမားဆေးရုံကြီး (မန္တလေး) ၌ ကျောက်ကပ်တုသွေးသန့်စင်စက် လှူဒါန်းပွဲကျင်းပ

မန္တလေး မတ် ၂၈

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် မြန်မာနိုင်ငံအထက်ပိုင်းရှိ အကျုံးဝင်အာမခံအလုပ် သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွယ်ကူထိရောက်စေရန်ရည်ရွယ်၍ အလုပ်သမားဆေးရုံကြီး (မန္တလေး) ကိုခုတင် (၁၅၀) ဆံ့ဆေးရုံကြီးအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ အကြောအဆစ်ကုသမှုဌာန၊ သွားနှင့်ခံတွင်းကုသဌာန၊ မျက်စိကုသဆောင်၊ အရိုးကုသဆောင်၊ ဖျားနာကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ သားဖွားမီးယပ်ကုသဆောင်၊ မေ့ဆေးဌာနနှင့် ခွဲစိတ် ကုသဆောင်ဟူ၍ ဆေးကုသဆောင်များထားရှိ ကုသပေးလျက်ရှိသည်။

ထို့ပြင် ပြင်ပလူနာများကို ကုသပေးခြင်းနှင့် လိုအပ်ပါက အတွင်းလူနာအဖြစ် ကုသပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းများကို အလေးထားဆောင်ရွက် ပေးလျက်ရှိရာ နာတာရှည်ကျောက်ကပ်ရောဂါခံစား နေရသောအာမခံအလုပ်သမား လူနာများအတွက် ကျောက်ကပ်တုသွေးသန့်စင်စက်နှစ်လုံးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ၂၉ ရက်တွင် တပ်ဆင်၍ ကျောက်ကပ်သန့်စင်ဆေးကြောပေးလျက်ရှိရာ လူနာဦးရေရှစ်ဦးကို အကြိမ်ရေ ၆၄ ကြိမ်တိုင် ဆေးကြောပေးခဲ့ပြီးဖြစ်သည်။

ယခုအခါ ပိုမိုကောင်းမွန်ပြည့်စုံသော ကျောက်ကပ်သန့်စင်ဆေးကြောခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၅၉ လမ်းနှင့် (၁၁၄-B) လမ်းထောင့်ရှိ “နေလ ဖောင်ဒေးရှင်း မိသားစုမှ တန်ဖိုးငွေကျပ်သိန်း ၆၃၀ တန်ဖိုးရှိသည့် NIKKISO DBB-27 Made In JAPAN စက်နှစ်လုံးကို “နေလဖောင်ဒေးရှင်း ၏ Founder ဖြစ်သော ဦးလောဝူး ကွယ်လွန်ခြင်း (၁၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မတ် ၂၈ ရက် ယနေ့တွင် ကျန်ရစ်သူသားသမီးများက လှူဒါန်းလာသဖြင့် ကျောက်ကပ်တုသွေးသန့်စင်စက်နှစ်လုံး လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို အလုပ်သမားဆေးရုံကြီး (မန္တလေး)၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန် တက်ရောက်လက်ခံ၍ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment