နေပြည်တော် မတ် ၁၈
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ထိုင်းနိုင်ငံ Pearl Vacations Co., Ltd မှ CEO ဖြစ်သူ Mr. Komsan Tungthirasuk ဦးဆောင်သော ထိုင်းနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်များနှင့် ခရီးသွားမှတ်တမ်းရိုက်ကူးရေးပညာရှင်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊
အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်များနှင့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ပိုမိုသိရှိပြီး လာရောက်လည်ပတ်နိုင်ရန်အတွက် နှစ်နိုင်ငံ
ပူးပေါင်း၍ ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်သွားမည့်အခြေအနေ၊
ထိုင်း- မြန်မာ နှစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေးအစီအစဉ်များကို ရေးဆွဲပြီး ထိုင်းနိုင်ငံမှ
ခရီးသွားဧည့်သည်များ အပြင် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များကိုလည်း ဖိတ်ခေါ်နိုင်ရေး၊
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ရေခဲတောင်တန်းခရီးစဉ်ဒေသသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက်
တစ်ခု တည်းသော ထင်ရှားကျော်ကြားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သဖြင့် ထိုင်းနိုင်ငံမှ စီးပွားရေး
လုပ်ငန်းရှင်များ ယင်းဒေသသို့ လာရောက်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ
ဖိတ်ခေါ်ရေး၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများကို ခရီး
သွားမြှင့်တင်ရေး ဗီဒီယိုများ ရိုက်ကူး၍ ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်
မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ ပြည်ပခရီးသွားမှတ်တမ်း ရိုက်ကူးရေးပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
အဆိုပါ ထိုင်းနိုင်ငံ Pearl Vacations Co., Ltd မှCEO ဖြစ်သူ Mr. Komsan
Tungthirasuk ဦးဆောင်သော ထိုင်းနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်များနှင့် ခရီးသွားမှတ်တမ်းရိုက်ကူးရေး
ပညာရှင်အဖွဲ့သည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့် ခရီးသွားဆွဲဆောင်ရာ
နေရာများ၊ မန္တလေးမြို့ရှိ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများကို ခရီးသွားမြှင့်တင်
ရေးဗီဒီယိုများ သွားရောက်ရိုက်ကူးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment