နေပြည်တော် မတ် ၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ်(၄၉)ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ယနေ့စကားဝိုင်းတွင် ဆွေးနွေးတင်ပြမည့် အကြောင်းအရာသည် “မြန်မာအထူးစီးပွားရေးဇုန်” ဖြစ်ကြောင်း၊ အခြားသော ကမ္ဘာ့နိုင်ငံများ ၌လည်း အထူးစီးပွားရေးဇုန်များ ဖွင့်လှစ်၍ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို
ဆက်လက်၍ ဆွေးနွေးတင်ပြမှုကို ဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဟိန်းထွန်းက “မြန်မာအထူးစီးပွားရေးဇုန်အကြောင်း လေ့လာခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက မြန်မာအထူးစီးပွားရေးဇုန်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဝိုင်းဝန်းမေးမြန်းဆွေးနွေး ခဲ့ကြသည်။
အခမ်းအနားသို့ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment