Saturday, March 9, 2024

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိစက်ရုံများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မတ် ၈

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှင်းလင်းတင်ပြ

ကြည့်ရှုစစ်ဆေးစဉ်စက်ရုံမှူးက ယခုဘဏ္ဍာနှစ်အတွင်း ထုတ်လုပ်မှုလျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်နေမှုနှင့် လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးကစက်ရုံမှ ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများသည် လက်ရာသေသပ်မှု၊ ခိုင်ခံ့မှု၊ ဈေးနှုန်းချိုသာမှု၊ အမြင် တင့်တယ်ဆန်းသစ်မှု စသည်တို့နှင့်ကိုက်ညီသည့် ထုတ်ကုန်ပစ္စည်းများဖြစ်အောင် စီမံဆောင်ရွက်ရန်၊ စက်ရုံမှ ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ လိုအပ်သည့် မိုလ်ဒိုင်များကို တီထွင်ထုတ်လုပ် နိုင်ရေးအတွက် သင်တန်းကျောင်းများကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ အထူးကြပ်မတ်ကုသဆောင်သုံးခုတင်များ စမ်းသပ်ထုတ်လုပ်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေး လုပ်ငန်းများကို မှာကြားပြီး ကျန်းမာရေးဝန်ကြီးဌာနမှမှာယူထားသည့် ဆေးရုံသုံးခုတင်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေး သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဆေးဝါးစက်ရုံ (အင်ရောင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးများကို လျာထားချက်အတိုင်းပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ရန်မှာကြားကာ တစ်ခါသုံး ဆေးထိုးအပ်များ ထုတ်လုပ်သည့် ဌာနအတွင်း လှည့်လည်ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြစ်သားမြို့ရှိ အမှတ်()အထည်စက်ရုံ(မြစ်သား)သို့ သွားရောက်ကြည့်ရှု စစ်ဆေး၍စက်ရုံမှ ထုတ်လုပ်သည့် ကုန်ချောများ ယခုထက် ပိုမိုရောင်းချနိုင်ရေး စီမံဆောင်ရွက်သွားရန်မှာကြားပြီး ၁/၄၀ ချည်များနှင့် ၂/၈၀ ချည်များ ထုတ်လုပ်နေမှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြင်းခြံမြို့ရှိ အမှတ်()သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ယခုဘဏ္ဍာနှစ်အတွင်း လေးထောင့်ပုံသံမဏိချောင်းများ လျာထားချက်ပြည့်မီရေးအတွက် အထူးအလေးထားဆောင်ရွက်ရန်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သံမဏိချောင်းများ လျာထားချက်ထက် ပိုမိုထုတ်လုပ်နိုင်ရေး အစီအမံများရေးဆွဲ ဆောင်ရွက်ရန်နှင့် ကုန်ကြမ်းများ ကြိုတင်စုဆောင်းထားရန်မှာကြားပြီး အောက်ဆီဂျင်ထုတ်လုပ်ရေး အလုပ်ရုံ၊ ကုန်ကြမ်းအဖြစ် အသုံးပြုမည့်အင်ဂျင်များ ဖြတ်တောက်နေမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်း သုံး Deformed Bar များ ထုတ်လုပ်ရာတွင် အသုံးပြုမည့်လေးထောင့်ပုံ သံမဏိချောင်းများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment