ရန်ကုန် မတ် ၁၈
မြန်မာနိုင်ငံဒစ်ဂျစ်တယ်မီဒီယာအသင်း (Myanmar Digital Media Association) ဖြစ်မြောက်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေးသည်။
ဖြန့်ကြက်ဖွံ့ဖြိုးလျက်ရှိ
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် လူမှုမီဒီယာအပါအဝင် ဒစ်ဂျစ်တယ်မီဒီယာ အသုံးပြုမှုများနှင့်
ဖန်တီးထုတ်လွှင့်မှုများသည် အချိန်နှင့်အမျှ တိုးတက်မြင့်မားလာနေပြီး မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း ကျယ်ပြန့်စွာ
နေရာယူလျက်ရှိပါကြောင်း၊ အဆိုပါအခြေအနေအပေါ်တွင် လည်း ထိန်းသိမ်းကြပ်မတ်ရန်လိုအပ်ကြောင်း၊ ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအပါအဝင်
ကမ္ဘာ့နိုင်ငံအသီးသီး၌ ဒစ်ဂျစ်တယ်မီဒီယာသည် သမားရိုးကျမီဒီယာများအပေါ် လွှမ်းမိုးတည်ရှိလာပြီး
အများပြည်သူထံသို့ ပျံ့နှံ့မှုကြီးမားရုံသာမက စီးပွားရေးအရပါ ကြီးပွားတိုးတက်နေသည်ကို
တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်မီဒီယာကို မီဒီယာပုံစံသစ် (New Media) များသာမက နည်းပညာ
အသုံးပြုပြီး လုပ်ဆောင်နေသည့် မီဒီယာလုပ်ငန်းကဏ္ဍမျိုးစုံ ပါဝင်လျက်ရှိပြီး နိုင်ငံတိုင်းတွင်လည်း
လွန်စွာ ဖြန့်ကြက်ဖွံ့ဖြိုးလျက်ရှိကြောင်း။
အကောင်အထည်ဖော်
အလားတူ မြန်မာနိုင်ငံတွင်လည်း လူမှုမီဒီယာအပါအဝင် ဒစ်ဂျစ်တယ်မီဒီယာ အသုံးပြုမှုသည်
နှစ်အနည်းငယ်အတွင်း တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး အထူးသဖြင့် မိုဘိုင်းဖုန်းနှင့် အင်တာနက်
သုံးစွဲနိုင်မှုပမာဏ များပြားလာခဲ့ခြင်းကြောင့် လူမှုမီဒီယာအသုံးပြုမှုသည် မြင့်တက်လာခဲ့ကြောင်း၊
ထို့ကြောင့် မြန်မာနိုင်ငံ၏ မီဒီယာအခင်းအကျင်းတွင် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒစ်ဂျစ်
တယ်မီဒီယာများသည် အရေးပါသည့်နေရာတွင် ပါဝင်လျက်ရှိနေကြောင်း၊ ထို့ကြောင့် ဒစ်ဂျစ်တယ် မီဒီယာလုပ်ငန်းများ
လုပ်ကိုင်နေကြသူများအား ကိုယ်စားပြုဖွဲ့စည်းထားသည့် အသင်းကြီးတစ်ခု ဖွဲ့စည်းဆောင်ရွက်ရန်
လိုအပ်လျက်ရှိသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ”
ကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း
ဖြစ်မြောက်ရေးကော်မတီကို ပြောင်းလဲလာသည့် နည်းပညာနှင့်အညီ ဒစ်ဂျစ်တယ်မီဒီယာ စနစ်တကျ
ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် Digital Media အသုံးပြုသူများ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ဆောင်ရွက်ပေးရန်၊
ဒစ်ဂျစ်တယ်မီဒီယာကို ကျင့်ဝတ်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ အသုံးပြုစေရေးနှင့်
လိုအပ်သည့် အသိပညာပေးမှုများ၊ နည်းပညာမျှဝေမှုများကို စီမံဆောင်ရွက်ပေးရန်နှင့် ဒစ်ဂျစ်တယ်မီဒီယာ
အသုံးပြုသူများအချင်းချင်း အငြင်းပွားမှု၊ တိုင်ကြားမှုများ ပေါ်ပေါက်လာပါက နှစ်ဖက်ညှိနှိုင်း
ဖြေရှင်းသောနည်းလမ်းဖြင့် ကျေအေးပြေငြိမ်းစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သွားရန်
တိုက်တွန်းပြောကြားလိုပါကြောင်း။
ကြိုးကြိုးစားစားဆောင်ရွက်
ထို့ပြင် မြန်မာနိုင်ငံဒစ်ဂျစ်တယ်မီဒီယာအသင်းတွင် ပါဝင်သင့် ပါဝင်ထိုက်သည့်ပုဂ္ဂိုလ်များ
ထပ်မံ ပါဝင်ဖွဲ့စည်းနိုင်ရေးအတွက် အဆိုပြုတင်ပြရန်လည်း ပြောကြားလိုပါကြောင်း၊ တက်ရောက်
လာသည့် တာဝန်ရှိသူပုဂ္ဂိုလ်များအားလုံးက မြန်မာနိုင်ငံဒစ်ဂျစ်တယ်မီဒီယာအသင်းကြီး ခိုင်ခိုင်မာမာ
ဖြင့် ရပ်တည်လာစေပြီး အသင်း၏ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များကို ကြိုးကြိုးစားစား
ဆောင်ရွက်ပေးကြစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ
ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီအား ဖွဲ့စည်းဆောင်ရွက်သွားမည့်အစီ အစဉ်များအား
ရှင်းလင်းတင်ပြသည်။
ဝိုင်းဝန်းအကြံပြုဆွေးနွေး
ယင်းနောက် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီအစည်းအဝေးသို့
တက်ရောက်လာကြသူများက အသင်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး ကြပြီး ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:
Post a Comment