Tuesday, March 19, 2024

(၇၉) နှစ်မြောက် တပ်မတော်နေ့တွင် ပါဝင်ချီတက်ကြမည့် တပ်မတော်စစ်ကြောင်းကြီးများအား ခမ်းနားစွာ ကြိုဆိုဂုဏ်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



မန္တလေး မတ် ၁၈

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့၌ ပါဝင်ချီတက်ကြမည့် တပ်မတော်စစ်ကြောင်းကြီးများအား ခမ်းနားစွာကြိုဆိုဂုဏ်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြော ကြားသည်။

ယင်းနောက် (၇၉) နှစ်မြောက် တပ်မတော်နေ့တွင် ပါဝင်ချီတက်ကြမည့် တပ်မတော်စစ်ကြောင်း ကြီးများအား ခမ်းနားစွာကြိုဆို ဂုဏ်ပြုနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ဆွေးနွေးတင်ပြပြီး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီမှ တာဝန်ရှိသူများက ကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။

သတင်းစဉ်

No comments:

Post a Comment