နေပြည်တော် မတ် ၂၃
ရခိုင်ပြည်နယ်အတွင်း ဒေသကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ် များကိုသာ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင် ပြည်နယ်အတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများနေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲများဖော်ဆောင်ခြင်း၊ သာသနိကအဆောက်အဦများနှင့် စာသင်ကျောင်းများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် ၎င်းတို့၏လုပ်ရပ်များကို ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။
ထိုသို့ ကန့်ကွက်ရှုတ်ချလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေကျေးရွာနှင့် ဘာဆာရာကျေးရွာများမှ ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဘင်္ဂါလီလူမျိုး အင်အား ၁၅၀၀ ကျော်သည် ဘုမေကျေးရွာရှိ သတ်မှတ်စုရပ်နေရာ၌စုဝေးပြီး ၎င်းစုရပ်နေရာမှ ဘုမေကျေးရွာနှင့် ဘာဆာရာကျေးရွာချင်းဆက် လမ်းကြောင်းအတိုင်း ငြိမ်းချမ်းစွာစီတန်းလှည့်လည် ချီတက်၍ ဆန္ဒဖော်ထုတ်ကြကာ နံနက် ၁၀ နာရီခွဲခန့်တွင် အေးချမ်းစွာ လူစုခွဲခဲ့ကြသည်။
ချီတက်ရာ လမ်းတစ်လျှောက်တွင် “AA အလိုမရှိ၊ စစ်တွေမြို့ကိုကာကွယ်ကြ၊ တိုက်ပွဲအလိုမရှိ၊ လူနေ ရပ်ကွက်ထဲကို လက်နက်ကြီးနှင့်ပစ်ခတ်နေသည့် AA သောင်းကျန်းသူအလိုမရှိ၊ စစ်တွေမြို့တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေသော AA သောင်းကျန်း သူအဖွဲ့အလိုမရှိ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးနေသော NUG၊ AA အလိုမရှိ၊ အကြမ်းဖက် တိုက်ခိုက်မှုအလိုမရှိ” စသည့်ကြွေးကြော်သံများကို မြန်မာ/ဘင်္ဂါလီနှစ်ဘာသာဖြင့် သံပြိုင်ကြွေးကြော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ပွဲကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment