နေပြည်တော် ဖေဖော်ဝါရီ ၉
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရန်ကုန်တိုင်းဒေသကြီး MSME ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစုအဖွဲ့ဥက္ကဋ္ဌ ဦးကံညွန့်နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ရှိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် MSME ဖိနပ်လုပ်ငန်းရှင်များ
မျိုးတူစုအဖွဲ့ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များက MSME
ဖိနပ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတစ်ဝန်းရှိ ဖိနပ်လုပ်ငန်းရှင်များကို
ထိရောက်စွာကူညီပံ့ပိုးပေးနိုင်ရန်အတွက် နိုင်ငံတော်အဆင့် ဖိနပ်လုပ်ငန်းရှင်များ အသင်းချုပ်အဖြစ်
ဖွဲ့စည်းတည်ထောင်နိုင်ရေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကြီးကြပ်မှုအောက်ရှိ မြောက်ဒဂုံစက်မှုဇုန်တွင်
ဖိနပ်လုပ်ငန်းရှင် (၃၂) ဦးအတွက် မြေဧရိယာခွင့်ပြုသတ်မှတ်ပေး
နိုင်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များ၏
လိုအပ်ချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး MSME Agency နှင့်လည်းကောင်း၊
ရန်ကုန်တိုင်းဒေသကြီး MSME ဖိနပ်လုပ်ငန်းရှင်များ
မျိုးတူစုအဖွဲ့၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို စက်မှုကြီးကြပ်ရေးနှင့်
စစ်ဆေးရေးဦးစီးဌာနနှင့်လည်း ကောင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲသို့
စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment