နေပြည်တော် ဖေဖော်ဝါရီ ၉
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာ့ခရီးသွားဘဏ်မှ CEO ဦးဝင်းလွင်နှင့် တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံပြီး ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်ရာတွင် ငွေကြေးပေးချေမှုကိစ္စရပ်များ လွယ်ကူအဆင်ပြေမှုရှိ စေရေးအတွက် ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊
ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ်
မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို
အထောက်အကူပြုစေရန်အတွက် မြန်မာ့ခရီးသွားဘဏ်ကိုထူထောင်ခဲ့မှု၊ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ဘဏ်များ၏အခန်းကဏ္ဍအရေးကြီးမှု၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်
သည်များ၏ ငွေကြေးပေးချေမှုလွယ်ကူအဆင်ပြေစေရန် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်
ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို
ဆွေးနွေးကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်
အခမ်းအနားကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းထုမိတ်ဆုံစားပွဲသို့ တက်ရောက်၍ စနစ်တကျရှိခြင်းနှင့် စည်းစနစ်ကျနစွာ လုပ်ကိုင်ဆောင်ရွက်တတ်ခြင်းသည် ရုံးလုပ်ငန်းများ
အောင်မြင်ရေးအတွက် အရေးကြီးသဖြင့် ကြိုးစားလေ့ကျင့်လုပ်ကိုင်ကြရမည်ဖြစ်ကြောင်းနှင့်
အရည်အချင်းပြည့်ဝပြီး ဝန်ကြီးဌာနနှင့် နိုင်ငံ အကျိုးသယ်ပိုးနိုင်သော
ဝန်ထမ်းကောင်းများဖြစ်အောင် လေ့လာသင်ယူ သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး
ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment