Sunday, December 10, 2023

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်စက်ရုံများ ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဒီဇင်ဘာ ၉

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်းရှိ ရေထွက်ကုန် လုပ်ငန်းများထုတ်လုပ်တင်ပို့လျက်ရှိသည့် Golden Bay Limited နှင့် ရွှေပြည်သာစက်မှုဇုန်ရှိ ပဲမျိုးစုံ ပြည်ပသို့တင်ပို့လျက်ရှိသည့် New Golden Gate (1991) Co., ltd. သို့ရောက်ရှိရာ စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စက်ရုံမှထုတ်လုပ်နေမှုများနှင့် ပြည်ပသို့တင်ပို့နေမှုများကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း ပြည်ပသို့တင်ပို့ရန် ရေထွက်ကုန်ပစ္စည်းများနှင့် ပဲများထုတ်လုပ်နေမှုအဆင့်ဆင့်နှင့် ပြည်ပသို့တင်ပို့ရန် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံထွက်ကုန်ပစ္စည်းများ ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးကို ဦးစွာဆောင်ရွက်ပြီး ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်ပဈေးကွက်ပိုမိုရရှိ အောင်ဆောင်ရွက်ရေး၊ မှန်ကန်သည့်ကုန်သွယ်မှုဖြစ်ပေါ်စေရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် အစိုးရနှင့်လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေး၊ ပုဂ္ဂလိကကဏ္ဍ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဒေသတွင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့်ပူးပေါင်း၍ တိုးမြှင့်တင်ပို့နိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်ဝရေး၊ ပြည်ပတင်ပို့မှုတွင် နိုင်ငံတကာမှအသိအမှတ်ပြုပြီး ပြည်ပဈေးကွက်များတွင် တိုးချဲ့ဝင်ရောက်နိုင်မည့် Hazard Analysis and Critical Control Point (HACCP) ကဲ့သို့ နိုင်ငံတကာသတ်မှတ် စံချိန်စံညွှန်းမီ ကြိုးပမ်းဆောင်ရွက်ရေးတို့ကို မှာကြားသည်။‌

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားဇာတ်ရုံ မြို့မကျောင်းလမ်း၌ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၃၂)ကြိမ်မြောက် နှစ်ပတ်လည်အသင်း သားစုံညီအစည်းအဝေးသို့တက်ရောက်၍ အမှာစကား ပြောကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပန်းဘဲတန်းမြို့နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးများကိုဆွေးနွေးပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment