Sunday, November 12, 2023

NCA ကိုဆန့်ကျင်ပြီး စစ်ပွဲခေါ်ယူခဲ့သည့် KIA ၊ AA ၊ TNLA ၊ MNDAA ၊ BPLA နှင့် PDF တို့ကို ဆန့်ကျင် ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက်တပ်မတော်သားများအား အားပေးထောက်ခံပွဲကို ရန်ကုန်၌ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၂

NCA ကို ဆန့်ကျင်ပြီးစစ်ပွဲခေါ်ယူခဲ့သည့် KIA ၊ AA ၊ TNLA ၊ MNDAA ၊ BPLA နှင့် PDF တို့ကို ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက်တပ်မတော်သားများအား အား​ပေးထောက်ခံပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သည်။










အဆိုပါထောက်ခံပွဲကို အခမ်းအနားမှူး မဇင်ဇင်မျိုးထွန်း ဦးဆောင်၍ နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဦးမင်းမင်း (ခ) မင်းသူရမျိုးနှင့် ဒေါ်သီရိနေလင်းတို့ အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံခြင်းတို့ကို ဟောပြောခဲ့ကြပြီး နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေး၊ NCA ကို ဆန့်ကျင်ပြီး အကြမ်းဖက်အဖျက်အမှောင့် လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအား ဆန့်ကျင်ရေး စသည့်ကြွေးကြော်သံများ သံပြိုင်ကြွေးကြော်ကာ ဇာတိမာန်သီချင်း သံပြိုင်သီဆို၍ အခမ်းအနားပြီးဆုံးခဲ့ကြောင်း၊ အဆိုပါ ထောက်ခံပွဲသို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၄၅၀ ဦး ဝန်းရံထောက်ခံခဲ့ကြကြောင်း သိရသည်။

 

 

No comments:

Post a Comment