နေပြည်တော် နိုဝင်ဘာလ ၂၆
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပင်လယ်ဘက်ရှိရွာများမှ ရေလုပ်သားများကို တပ်မတော်က လူသစ်စုဆောင်းနေကြောင်း၊ အလားတူ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများကို ပျူစောထီးသင်တန်းတက်ရန် တစ်ရွာကို လူ ၆ ဦး တောင်းခံလျက်ရှိကြောင်း ဒေသပြည်သူများက ပြောသည်ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ Khit Thit Media က မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ကျွန်းစုမြို့နယ်ရှိ ကျေးရွာများတွင်
တပ်မတော်မှ လူသစ်စုဆောင်းခြင်းများ လုံးဝမပြုလုပ်ပါကြောင်း၊ နေပြည်တော်လယ်ဝေးမြို့နယ်အတွင်းရှိ
ကျေးရွာများတွင်လည်း ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် လူအင်အားတောင်းခံခြင်းများ လုံးဝ(လုံးဝ)ပြုလုပ်မှုမရှိပါကြောင်း
ဒေသခံသတင်းအရင်းအမြစ်များအရ သိရှိရပါသည်။
သို့ဖြစ်ပါ၍ ပြည်ဖျက်မီဒီယာများ၏ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်
ထင်ယောင်ထင်မှားဖြစ်စေသည့် ကောလာဟလသတင်းတုသတင်းမှားများကို အချိန်ကိုက် ထုတ်လွှင့်လျက်ရှိရာ
ပြည်သူများအနေဖြင့် အမှားအမှန်ခွဲခြားသိမြင်နိုင်ရေးအတွက် သတင်းမှန် ပြန်ကြားလိုက်ရပါသည်။
No comments:
Post a Comment