နေပြည်တော် နိုဝင်ဘာလ ၂၆
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)ပင်းပက်သံမဏိစက်ရုံ စီမံကိန်းတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရန်၊ ယူရေနီယမ်ကိစ္စနှင့်လည်း ပတ်သက်ဆက်နွယ်နေပြီး လက်ရှိတွင် နမ့်တဘက်ချောင်းတစ်လျှောက် နေထိုင်သည့် ဒေသခံထောင်ပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်းနှင့် လယ်ယာမြေများကို ဖျက်ဆီးရန် ခြိန်းခြောက်လာနေကြောင်း၊ စီမံကိန်းကြောင့် သက်လတ်ပိုင်း လူနာအများစုသည် အဆုတ်ကင်ဆာရောဂါ ခံစားနေကြရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး-PYOထံက သိရသည်ဟု မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိ ကြောင်းတွေ့ ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာစက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ
တစ်ဦး၏ပြောကြားချက်အရ လက်နက်ခဲယမ်းများ ထုတ်လုပ်နေသည်ဆိုသည့် ရေးသားချက်မှာ မှားယွင်းနေပြီး
တပ်တွင်းသတင်းရင်းမြစ်ထံကဆိုသည့် “နျူကလီးယားကိစ္စပါ ကြိုးပမ်းလာနေကြောင်းသိရသည်” ဟူသော ရေးသားချက်မှာ လုံးဝမှားယွင်းနေပါသည်။ စက်ရုံမှ အသုံးပြုမည့်
ပင်းပက်သံသတ္တုသံရိုင်း (iron ore) တွင်ဟီမင်တိုက်နှင့် လီမွန်နိုက်ဟူသော သံရိုင်းအမျိုးအစားနှစ်မျိုးသာ
အဓိကပါဝင်ပြီး ကျန်သောသတ္တုများတွင် ဆီလီကာနှင့်အလူမီနာ သတ္တုရိုင်းများသာ ရာခိုင်နှုန်းအနည်းငယ်သာ
ရောနှောပါဝင်ပါသည်။ အထူးသဖြင့်နျူကလီးယား ထုတ်လုပ်ရန်လိုအပ်သော ယူယေနီယမ်နှင့် ပလူတိုနီယမ်သတ္တုတို့ကို
ရှာဖွေမတွေ့ရှိရပါ။ ထို့အတွက် “နျူကလီးယားကိစ္စပါ ကြိုးပမ်းလာနေသည်” ဟူသော ရေးသားချက်မှာ လုံးဝမှားယွင်းနေပါသည်။ အမှတ် (၂) သံမဏိစက်ရုံ
(ပင်းပက်) ကို တစ်နှစ်လျှင် သံစိမ်းတန်ချိန် (၂၀၀,၀၀၀)(နှစ်သိန်း) ထုတ်လုပ်ပြီး နိုင်ငံတော်၏
သံနှင့်သံမဏိလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရည်မှန်းချက်ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကာ
နိုင်ငံအတွက် အဓိကလိုအပ်သည့် သံနှင့်သံမဏိထုတ်ကုန်များ ထုတ်လုပ်ပေးရန်၊ သွင်းကုန်အစားထိုး
ထုတ်လုပ်နိုင်ပြီး နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် သံ၊ သံမဏိ ထုတ်လုပ်မှုနည်းပညာနှင့်
လူ့စွမ်းအားအရင်းအမြစ်များအသုံးပြုပြီး မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ
ဖော်ဆောင်ရန်တို့အတွက် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ စက်မှုကုန်ကြမ်းပစ္စည်းလိုအပ်ချက်များကို ပြည်တွင်းတွင် ဈေးနှုန်းချိုသာစွာဖြင့် အသုံးပြုနိုင်ရေး ရေရှည်စီမံကိန်းများ
ချမှတ်အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိရာ ပြည်ဖျက်မီဒီယာများက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ
ပျက်စီးစေရန်နှင့် တိုင်းရင်းသားပြည်သူများ အထင်အမြင်လွဲမှားစေရန် တစ်ဖက်သတ်စွပ်စွဲ
ရေးသားချက်များသာဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment