နေပြည်တော် နိုဝင်ဘာ ၁၂
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ဒံပေါက်ဘူးများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း
စေတနာရှင်အလှူရှင်ပြည်သူများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့်
ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်
ဒံပေါက်ဘူးများကို ပေးအပ်လှူဒါန်းကြသည်။ အဆိုပါစေတနာရှင် ပြည်သူများ လှူဒါန်းသည့်
ဒံပေါက်ဘူးများကို တာဝန်ရှိသူများက လားရှိးမြို့မှတစ်ဆင့် တပ်မတော်
မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက်
လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများ
လှူဒါန်းသည့် ဒံပေါက်ဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက
ရေးသားပေးပို့သည့် “တပ်မတော်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစေကြောင်း၊
ဘေးအန္တရာယ်ကင်းရှင်းစေကြောင်း၊ တရားသောစစ် အောင်မြင်ပါစေကြောင်း” စသည့်
ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သိရှိရသည်။
No comments:
Post a Comment