Sunday, November 12, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံပွဲကျင်းပ



နေပြည်တော် နိုဝင်ဘာ ၁၂

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံလျက်ရှိကြသည်။




ထိုသို့ အားပေးထောက်ခံလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနီးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက တိုင်းပြည်အလုံးစုံပျက်စီးရေး လုပ်ဆောင်နေကြသည့် KIATNLAMNDAAAABPLA နှင့် PDF အမည်ခံအကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချကြပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံအားပေးပွဲကို ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ကြသည်။

ထို့ပြင် နိုဝင်ဘာ ၈ ရက်၊ နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းနှင့် မန္တလေးမြို့ပေါ်ရှိ လမ်းများ၊ မန္တလေးမြို့အဝင် အဝိုင်းထိပ်၊ မန္တလေးကျုံးဘေး၊ ဧရာဝတီရတနာပုံတံတား၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ လူငယ်ဘောလုံးကွင်းတို့တွင် အေးချမ်းစွာ နေထိုင်လိုကြသည့် ပြည်သူများက အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများအား အလိုမရှိကြောင်း ရှုတ်ချကြပြီး ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံအားပေးမှုကို ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ပွဲများ ကျင်းပခဲ့ကြကြောင်း သိရသည်။


No comments:

Post a Comment