ပြည်တွင်းမှာလည်း
ကောလာဟလ ထုတ်လွှင့်နေတာရှိပါတယ်။ အချိန်ကိုက်ပဲ ပြည်ပက ပြည်ဖျက်မီဒီယာတွေကလည်း ကောလာဟလ
ထုတ်လွှင့်နေတာရှိတယ်။ အဓိကကတော့ အခြေခံအကြောင်း နှစ်ခုအပေါ်မှာ ကောလာဟလ ထုတ်လွှင့်တာဖြစ်တယ်။
နံပါတ် (၁) ကတော့ ဆီခွဲတမ်းပေါ့။ စက်သုံးဆီရောင်းချတဲ့ခွဲတမ်းတွေ
လျှော့တယ်ဆိုပြီး ထုတ်လွှင့်နေတာရှိတယ်။ နံပါတ် (၂) ကတော့ ဆီအလုံအလောက်မရှိဘူး၊ ဆီဝယ်ယူဖို့အတွက် အစိုးရအနေနဲ့
ဒေါ်လာချမပေးဘူးဆိုတာမျိုး ထုတ်လွှင့်နေတာရှိတယ်။ ပြီးရင် စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီ ပြန်မဖြည့်နိုင်တော့ဘူးဆိုတဲ့ဟာတွေပဲဖြစ်ပါတယ်။
ပထမဦးဆုံးပြောချင်တာက ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့တဲ့အတိုင်း
ပြည်တွင်းမှာ ဆီနှစ်ဆီဖြစ်တဲ့ စက်သုံးဆီ၊ စားသုံးဆီနဲ့ပတ်သက်ပြီး အလေးထားဆောင်ရွက်လျက်ရှိတယ်။ ဆီခွဲတမ်းများနဲ့ပတ်သက်ပြီး စိစစ်တာတစ်ခုပဲရှိတယ်။
ယခင်အတိုင်းပဲ ဖြစ်တယ်။ လျှော့ပြီးလုပ်ပေး တာမရှိဘူး။ ပြည်တွင်းမှာ စက်သုံးဆီအလုံအလောက်
ရှိပါတယ်။ အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ 92 ဆိုရင် ပြည်တွင်းလက်ကျန် ဂါလန် ၁၃ သန်းကျော်ရှိပြီးဖြစ်တယ်။
ဒီဇယ်ဆိုရင် ဂါလန် သန်း ၃၀ ကျော်ရှိပြီးဖြစ်တယ်။ ပြီးရင် ထပ်မံရောက်ရှိလာမယ့် ဆီတင်သင်္ဘော
၁၅ စင်းနီးပါး ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီကို မည်သည့်စက်သုံးဆီအမျိုးအစားမဆို
ပြည်တွင်းမှာတစ်လစာ အရန်ရှိအောင် အမြဲတမ်းဆောင်ရွက်လျက်ရှိတယ်။ ဒါ့အပြင် စက်သုံးဆီနဲ့ပတ်သက်ရင်
နိုင်ငံတော်အစိုးရအနေနဲ့ အထူးအလေးထားဆောင်ရွက်ပေးနေတဲ့အတွက် ယခင်အတိုင်းပဲ
ဒေါ်လာရောင်းချပေးတာတွေ ဆောင်ရွက်လျက်ရှိတယ်။ ပြည်သူလူထုအနေနဲ့ တစ်ခုသတိထားသင့်တာကတော့ ဒီအချိန်မှာ ဘက်ပေါင်းစုံကနေ
အချိန်ကိုက် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ၊ ကာကွယ်ရေးအရဘက်ပေါင်းစုံကနေ သတင်းအမှားတွေထုတ်လွှင့်ပြီး
ဆောင်ရွက်နေတာမျိုး ရှိပါလိမ့်မယ်။ ဒီသတင်းအမှားတွေကိုကြည့်ပြီး သတင်းအဆိပ်မသင့်ဖို့
အရေးကြီးပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့လည်း အချိန်မီ
ပြန်ကြားထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ အနှစ်ချုပ်ပြောရရင်တော့ စက်သုံးဆီ၊ စားသုံးဆီစီးပွားရေး လုပ်ငန်းတွေ၊ ရှမ်းပြည်နယ် (အရှေ့မြောက်ဘက်)
မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် Border Trade ကုန်သွယ်မှုနဲ့ ပတ်သက်လာရင် ရပ်တန့်နေတာမှအပ ကျန်တဲ့လုပ်ငန်းများ
ပုံမှန်လည်ပတ်ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးပြောကြားလိုပါတယ်။ ဒီအဖျက်အမှောင့်လုပ်ငန်းတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့
ပြည်သူလူထုပူးပေါင်းပြီး ကာကွယ်ဆောင်ရွက်သွားဖို့
လိုအပ်တယ်လို့ ပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment