နေပြည်တော် နိုဝင်ဘာ ၁၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနီးပတ်ဝန်းကျင်ရှိ လုံခြုံရေးလျှပ်စစ်မီးတိုင်များနှင့် ဓာတ်အားလိုင်းများ စနစ်တကျသွယ်တန်းထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်မုခ်ဦးရှေ့ရှိ ဓာတ်အားလိုင်းများအား စနစ်တကျ ရွှေ့ပြောင်းဆောင်ရွက်သွားမည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ဓာတ်အားလိုင်းရွှေ့ပြောင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့်နေရာများကို လိုက်လံကြည့်ရှုသည်။
လိုအပ်သည်များမှာကြား
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအနီး ပတ်ဝန်းကျင်ရှိ လုံခြုံရေးလျှပ်စစ်မီးတိုင်များနှင့် ဓာတ်အားလိုင်းများ စနစ်တကျသွယ်တန်း ထားရှိမှုနှင့် ဓာတ်အားလိုင်းရွှေ့ပြောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဘေးအန္တရာယ်ကင်းရှင်းစေရေး အထူးဂရုပြုဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment