Monday, November 13, 2023

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြင့်မြတ်စိတ်ထား ဇီဝိတဒါန အခမဲ့ဆေးခန်း တိုးချဲ့သံဃာတော်များ သီးသန့်ဆောင်နှင့် ခွဲစိတ်ခန်း၊ ဓါတ်မှန်ခန်း အဆောက်အအုံအုတ်မြစ်ချ မင်္ဂလာအခမ်းအနား တက်ရောက်

 


ပေါင် နိုဝင်ဘာ ၁၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကြခတ်ငူကျေးရွာအုပ်စု၊ ကြခတ်ငူကျောင်းကြီးအတွင်း မြင့်မြတ်စိတ်ထား ဇီဝိတဒါနအခမဲ့ဆေးခန်းတွင် အများပြည်သူများ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို  လူမျိုးဘာသာမရွေး၊ အခမဲ့ဆေးဝါးကုသပေးလျက်ရှိရာ ထပ်မံလိုအပ်နေသော သံဃာတော်များ သီးသန့်ဆောင်နှင့် ခွဲစိတ်ခန်း၊ ဓါတ်မှန်ခန်းအဆောက်အအုံအတွက် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ ကြခတ်ငူကျောင်းကြီးအတွင်း မြင့်မြတ်စိတ်ထား ဇီဝိတဒါနအခမဲ့ဆေးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်းကြားထားသူများ၊ တက်ရောက်ခဲ့သည်။

 







ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ကျေးရွာအုပ်စုသံဃနာယကဥက္ကဋ္ဌ၊ လက်ပံသံကျောင်းဆရာတော်ကြီးထံ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အလှူရှင်များက မြင့်မြတ်စိတ်ထား ဇီဝိတဒါနအခမဲ့ဆေးခန်း တိုးချဲ့သံဃာတော်များ သီးသန့်ဆောင်နှင့်ခွဲစိတ်ခန်း၊ ဓါတ်မှန်ခန်း အဆောက်အဦအတွက် အလှူငွေများ၊ ဘိလပ်မြေအိတ်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြကာ မြင့်မြတ်စိတ်ထား ဇီဝိတဒါနအခမဲ့ဆေးခန်း၊ မြင့်မြတ်စိတ်ထား လူမှုကယ်ဆယ်ရေးအသင်း၊ ကြခတ်ငူအုပ်စုဓမ္မစကူးလ်တို့၏ ဦးစီးပဓါနနာယက ဩဝါဒါစရိယဆရာတော်မှ အခမဲ့ဆေးခန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းမြွက်ကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

 

အဲဒီနောက် မြင့်မြတ်စိတ်ထား ဇီဝိတဒါနအခမဲ့ဆေးခန်း တိုးချဲ့သံဃာတော်များ သီးသန့်အဆောင်နှင့် ခွဲစိတ်ခန်း၊ ဓါတ်မှန်ခန်းအဆောက်အဦး ဆောက်လုပ်မည့် မြေနေရာရှိ အရပ်ရှစ်မျက်နှာ၌ ဆရာတော်ကြီးများက ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များမှ သတ်မှတ်ထားသောနေရာများတွင် နေရာယူခဲ့ကြပြီး မင်္ဂလာအချိန်တွင် မြင့်မြတ်စိတ်ထား ဇီဝိတဒါနအခမဲ့ဆေးခန်း တိုးချဲ့အဆောက်အဦအားမင်္ဂလာ ရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ်၊ ကျောက်စိမ်းအုတ်တို့အား အုတ်မြစ်တော်ချခဲ့ကြ၍ အမွေးနံ့သာရည်များ ပတ်ဖျန်းခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့၍ ပြည်နcယ်ဝန်ကြီးချုပ်က အခမဲ့ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment