နေပြည်တော် နိုဝင်ဘာ ၁၂
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယ ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စခန်းသွင်း လေ့ကျင့်လျက်ရှိကြသည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများကို သွားရောက်တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားပြောကြားပြီး အားကစားနည်းပြများနှင့် အားကစားသမားများအတွက် ဂုဏ်ပြုငွေများ ပေးအပ်ကာ အားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ကောင်စီရုံးအနီးရှိ ငလိုက်ရာဘာ
ရေလွှဲဆည်ကို ကြည့်ရှုစစ်ဆေးကြပြီး ပြည်ထောင်စုဝန်ကြီးက ငလိုက်ရေသောက်စနစ်အတွင်း
ဒေသစိုက်ပျိုးရေရရှိရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် အကျိုးပြုနိုင်မှု၊ နေပြည်တော်
ရာဇဌာနီလမ်းမကြီးနှင့် ပင်လောင်းလမ်းဘေးဝဲ/ယာတစ်လျှောက်ရှိ စိုက်ပျိုးဧရိယာများ၏ ၂၀၂၃-၂၀၂၄
ဆောင်းသီးနှံစိုက်ပျိုးရာသီ စိုက်ပျိုးရေပေးဝေရန် စီစဉ်ဆောင်ရွက်
ထားရှိမှုလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ
ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲသည် လယ်ဝေးမြို့နယ် ချောင်းမငယ် ဆည်ရေသောက် အဆင့်မြင့်လယ်ယာဧက ၂၀၀ စိုက်ကွင်းတွင် ဒေသခံတောင်သူလယ်သမားများနှင့်
တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် စီမံဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရ၏ ရည်ရွယ်ချက်နှင့်
မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူများ
ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ သီးထပ်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊
ဆည်ရေသောက်စနစ်အတွင်းရှိ တောင်သူအချင်းချင်း ရာသီအလိုက် သီးနှံပုံစံများ
ညှိနှိုင်းတိုင်ပင်၍ ညီညွတ်မျှတသော ရေသောက်စနစ် ဖော်ဆောင်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်
လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားပြီး တောင်သူများ၏
တင်ပြချက်များကို သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအထောက်အပံ့ဖြင့် ဆောင်းသီးနှံ စိုက်ပျိုးကြမည့်
တောင်သူများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက နေကြာနှင့် မတ်ပဲ
မျိုးစေ့များ ပေးအပ်ကြပြီး တောင်သူများ စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်း၏
အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment