နေပြည်တော် နိုဝင်ဘာ ၁၂
ကျန်းမာရေးဝန်ကြီးဌာနသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်များ၊ ဆေးသုတေသနနှင့် ဆေးပညာလေ့ကျင့်သင်ကြားရေးနယ်ပယ်များတွင် အတွေ့အကြုံဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်လျကရှိရာ ကျန်းမာရေးဝန်ကြီးဌာနမှ ကလေးအထူးကုဆရာဝန် ငါးဦးတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် နိုဝင်ဘာ ၁၃ ရက်မှ ၂၅ ရက်အထိ ပြုလုပ်မည့် ကလေးကျန်းမာရေးဆိုင်ရာ သုတေသနနှင့် လက်တွေ့လေ့ကျင့်ရေးဆွေးနွေးပွဲများသို့ တက်ရောက်ရန် ယနေ့တွင် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
အဆိုပါ သုတေသနနှင့် လက်တွေ့လေ့ကျင့်ရေးဆွေးနွေးပွဲများတွင် မွေးကင်းစနှင့် ငါးနှစ်အောက်ကလေးများအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ ကလေးငယ်များနှင့် ပတ်သက်သော ဆေးပညာ၊ ကူးစက်လွယ်သောရောဂါများနှင့်စပ်လျဉ်းသည့် အတတ်ပညာဆိုင်ရာအရည်အသွေးမြှင့်တင်ရေးအပါအဝင် ဆေးဘက်ဆိုင်ရာအသိပညာနှင့် လက်တွေ့အရည်အချင်းများ တိုးတက်ရေးတို့အတွက် သင်ကြားဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment