Wednesday, October 18, 2023

ဘီလူးချောင်း ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ကျင်းပ

 


လွိုင်ကော် အောက်တိုဘာ ၁၈

ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့်နေရာများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်ကျေးရွာများရှိ အိမ်ထောင်စုများနှင့်စပ်လျဉ်း၍ အခြေခံစာရင်း အချက်အလက်များ မှန်ကန်စွာရရှိရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်ပေးရန်၊ ဘီလူးချောင်းရေ ထပ်မံမြင့်တက်ပြီး ရေဝင်ရောက်နိုင်မည့် ရပ်ကွက်ကျေးရွာများရှိ အိမ်ထောင်စုများအား ကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီက အချိန်နှင့်တစ်ပြေးညီ စီမံချက်ပါအတိုင်း ဆက်လက်ဆောင်ရွက် ပေးသွားကြရန်၊ ရေများပြန်လည်ကျဆင်းသွားသည့် ရပ်ကွက်ကျေးရွာများရှိ အိမ်ထောင်စုများအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပြန်လည်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သက်ဆိုင်ရာမြို့နယ်များအလိုက် ရပ်ကွက်ကျေးရွာများအတွင်း ရေဝင်ရောက်မှုနှင့် ရေပြန်လည်ကျဆင်းရေးဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ရေဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်း ဆောင်ရွက်ပေးမည့် အစီအမံများကိုလည်းကောင်း ဆွေးနွေး ပြောကြားခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဦးစီးဌာနအလိုက် ဆောင်ရွက်သွားမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၏ အစီအမံများနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေး တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများ အပေါ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဇင်

No comments:

Post a Comment