မိုင်းဖြတ် အောက်တိုဘာ ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၇ရက် ညနေပိုင်းက မိုင်းဖြတ်မြို့နယ်၊ အိုက်လုံ-အိုက်ငို့လမ်း ကျောက်လမ်းခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ်မှတစ်ဆင့် မိုင်းဖြတ်မြို့နယ်သို့ ရောက်ရှိလာရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်မှူးဦးစီးမှူး ဦးစိုပြည်မှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (၁၃၄.၃၂၀)သန်းဖြင့် တာချီလိတ်နဂါးမင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် လမ်းအကျယ် ၁၆ပေ၊ အမြင့် ၆လက်မ(၁/၀)မိုင်ရှိ အိုက်လုံ-အိုက်ငို့လမ်း ကျောက်ချောလမ်းခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား အခြေအနေများ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည်
ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာခွဲ(၆)ရွာသို့ ဆက်သွယ်သွားလာနိုင်မည့် ကျောက်ချောလမ်း
ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments:
Post a Comment