နေပြည်တော်
အောက်တိုဘာ ၁၈
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၌ အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက် အထိ ကျင်းပခဲ့သည့် (၃၉) ကြိမ်မြောက် အာဆီယံ အရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဋ္ဌများ အစည်းအဝေး နှင့် အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (39th ASEAN Capital Markets Forum – ACMF Chairs’ Meeting and International Conference) နှင့် (Technical Workshop) များသို့ တက်ရောက်ခဲ့သည်။
တက်ရောက်
အောက်တိုဘာ
၁၆ ရက်က (၃၉) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဥက္ကဋ္ဌများ အစည်းအဝေးကို
ကျင်းပရာ သဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဍာရေးကြီးကြပ်မှုအေဂျင်စီမှ Chief
Executive of Capital Market Supervisor Mr. Inarno Djajadi ကလည်းကောင်း၊ ပူးတွဲ သဘာပတိအဖြစ်
လာအိုနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် အထွေထွေအတွင်းရေးမှူး
Mrs. Sengsourivong Fongchinda က လည်းကောင်း ဆောင်ရွက်ပြီး အာဆီယံနိုင်ငံများမှ အရင်းအနှီးဈေးကွက်
ကြီးကြပ်ရေးကော်မရှင် အကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့်
International Sustainability Standards Board (ISSB) မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ယင်းအစည်းအဝေးတွင်
အာဆီယံနိုင်ငံများအတွက် အာဆီယံစုပေါင်းရင်းနှီးမြှုပ်နှံမှုအစီအစဉ် (ASEAN
Collective Investment Schemes - CIS နှင့် လုပ်ငန်းဆောင်ရွက်သူများနှင့် နိုင်ငံတကာရန်ပုံငွေ
(Operators and Foreign sustainable and responsible funds - SRF) ဆိုင်ရာ လက်စွဲစာအုပ်နှင့်
စပ်လျဉ်းသည့် နောက်ဆုံးအဆင့်ပြင်ဆင်မှုများ၊ အာဆီယံအရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အာရှဖွံ့ဖြိုးရေးဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် စွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်များ၊ Transition Finance
Guidelines ထုတ်ပြန်မည့်ကိစ္စနှင့် Climate works Center (CWC) မှ ASEAN Voluntary
Carbon Market Study နှင့်စပ်လျဉ်းသည့် အကြံပြုချက်များ၊ အာဆီယံအရင်းအနှီး ဈေးကွက်ဖိုရမ်လမ်းပြမြေပုံအပေါ်
အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ ASEAN Corporate Governance
Scorecard ပြင်ဆင်မှုကိစ္စများ၊ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများနှင့်စပ်လျဉ်း၍ စည်းမျဉ်းထိန်းကျောင်းရေး
ဆောင်ရွက်ချက်များ၊ နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစံသတ်မှတ်သည့်အဖွဲ့မှ ထုတ်ပြန်သည့်
ရေရှည်တည်တံ့ခိုင်မာသော လုပ်ငန်းများ၏ ဖွင့်ဟထုတ်ဖော်မှုစံနှုန်းများအပေါ် လက်ခံကျင့်သုံးနိုင်ရေး
ဆောင်ရွက်သင့်သည့်အချက်များ၊ ACMF နှင့် IFRS Foundation အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရေး
သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊ အခြေခံအဆောက်အအုံဆိုင်ရာ
ဘဏ္ဍာငွေရရှိရေးအတွက် ထုတ်ဝေသည့် ငွေချေးစာချုပ်ကို ရင်းနှီးမြှုပ်နှံသူသတ်မှတ်ချက်
Private Placement ဖြင့် ထုတ်ဝေခြင်းဆိုင်ရာ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို
ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ACMF နှင့် IFRS အကြား ပံ့ပိုးကူညီမှုဖြင့်
စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်ရန်၊ ACMF နှင့် IFRS အကြား သဘောတူ
လက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်
အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အောက်တိုဘာ
၁၇ ရက်က အာဆီယံဒေသတွင်း အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးမှုတိုးမြှင့်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ
ဘဏ္ဍာရေးအေဂျင်စီမှ ကော်မရှင် ဥက္ကဋ္ဌ Mr. Mahendra Siregar နှင့် Chief Executive
of Capital Market Supervisor Mr. Inarno Djajadi နှင့် အာရှဖွံ့ဖြိုးရေးဘဏ် အရှေ့တောင်အာရှဌာန၏
ဘဏ္ဍာရေးအကြီးတန်း ညွှန်ကြားရေးမှူး(Senior Director Finance) Ms. Christine
Engstrom တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
အဆိုပါနှီးနှောဖလှယ်ပွဲတွင်
ASEAN Taxonomy Version 2 ဆိုင်ရာ ကိစ္စရပ်များ၊ ကာဗွန်စျေးကွက် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊
ကာဗွန်နည်းသော စီးပွားရေးစနစ်သို့ အသွင်ကူးပြောင်းရာတွင် ကာဗွန် လျှော့ချမှုနှင့်စပ်လျဉ်းသည့်
ထုတ်ဖော်မှုဆိုင်ရာ အခြေခံမူများ၏ အရေးပါမှုများ၊
ASEAN Transition Finance Guidelines ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် လေ့လာမှု၏ရလဒ်များ၊
IFRS Sustainability Disclosure Standards ဆိုင်ရာ အသိပညာများ မြှင့်တင်ရန်နှင့်
ISSB စံချိန်စံညွှန်းများ၊ I SSB စံနှုန်းများကို အကောင်အထည်ဖော်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်
အလားအလာများ၊ ASEAN Corporate Governance Scorecard (ACGS) ဆိုင်ရာ
ကိစ္စရပ်များကို စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ရှင်းလင်းဆွေးနွေး
ယင်းနောက်
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကော်မရှင်ဥက္ကဋ္ဌများပါဝင်သော
စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏
အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို
ရှင်းလင်းဆွေးနွေးခဲ့သည်။
အောက်တိုဘာ
၁၈ ရက်တွင် နိုင်ငံတကာဘဏ္ဍာ ရေးအစီရင်ခံခြင်းဆိုင်ရာစံများ စဉ်ဆက်မပြတ် ဖွင့်ဟထုတ်ဖော်ရေး နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို
ကျင်းပရာ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ရန်ကုန်စတော့အိတ်ချိန်းနှင့်
စာရင်းဝင်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။
ယခုဖိုရမ်တွင်
ညှိနှိုင်းဆွေးနွေးမှုရလဒ်များကို အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးသို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်းနှင့်
အာဆီယံ အရင်းအနှီးဈေးကွက်များဖိုရမ်သည် ဒေသတွင်းအရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက်
အာဆီယံနိုင်ငံများမှ အရင်းအနှီးဈေးကွက် စည်းမျဉ်းစည်းကမ်း ထိန်းကျောင်းသူများ (Regulators)၏ အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment