နေပြည်တော် အောက်တိုဘာ ၁၈
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ပြည်ထောင်စုအဆင့်လုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင်
လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အမှာစကား ပြောကြားပြီး တွဲဖက်အတွင်းရေးမှူး
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒုတိယအကြိမ်
လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊
အကြံပြုချက်များအား စုစည်း၍ SOP မူကြမ်း ထပ်မံရေးဆွဲပြီး ဦးစီးကော်မတီသို့ ဆက်လက်တင်ပြသွားရန်
ဆောင်ရွက်ထားရှိမှုတို့ကို တင်ပြသည်။
ယနေ့
ကျင်းပသည့် ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီ၏ (တတိယအကြိမ်) အစည်းအဝေး၌ လယ်ယာမြေကို
အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက်
ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating
Procedure –SOP) မူကြမ်းတွင် ခွင့်ပြုသင့်သည့် ကိစ္စရပ်များ၊ ခွင့်မပြုသင့်သော ကိစ္စရပ်များနှင့်
နောင်တွင် ဥပဒေမဲ့ကိစ္စရပ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ဥပဒေကျူးလွန်ဖောက်ဖျက်သူများကို
ထိရောက်စွာ အရေးယူရမည့် အပိုင်းများကို ထည့်သွင်း ရေးဆွဲထားရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment