ရန်ကုန် စက်တင်ဘာ ၆
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ကျင်းပမည့် (၁၇) ကြိမ်မြောက် ဟိုချီမင်း နိုင်ငံတကာခရီးသွား ပြပွဲသို့တက်ရောက်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ဒုတိယဝန်ကြီးနှင့် ရန်ကုန်မြို့တော်ဝန် ဦးဆောင်သောအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် မိသားစုများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီရုံး ဌာနမှူး ဦးဉာဏ်လင်းစိုး၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၊ ဌာနမှူး ဦးတင်မောင်ကြည်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသန်းတို့ လိုက်ပါသွားကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment