Thursday, September 7, 2023

တရားရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးနှင့် ဥပဒေရေးရာကိစ္စရပ်များအား ထပ်ဆင့်ရှင်းလင်းမှာကြား

နေပြည်တော် စက်တင်ဘာ ၆

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲမှ လုပ်ငန်းလမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲကို ပြည်ထောင်စုနယ်မြေ လယ်ဝေးခရိုင်ဥပဒေရုံး၌ စက်တင်ဘာ ၄ ရက်က ကျင်းပသည်။

ထပ်ဆင့် ရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေရေးရာ ဝန်ကြီးဌာနတွင် စက်တင်ဘာ ၂ ရက်ကကျင်းပသည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့၏ လမ်းညွှန်မှာကြားချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဦးအေးသိန်းက ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်ချက်များကိုလည်းကောင်း ထပ်ဆင့်ရှင်းလင်း ပြောကြား သည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲတွင် ဥတ္တရခရိုင်၊ ဇေယျာသီရိခရိုင်၊ လယ်ဝေးခရိုင်၊ ပျဉ်းမနားခရိုင်၊ ရမည်းသင်းခရိုင်နှင့် အဆိုပါခရိုင်များအတွင်းရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment