Tuesday, September 5, 2023

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြိုလေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်

 


နေပြည်တော် စက်တင်ဘာ ၄

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြိုလေ့ကျင့် ရေးသင်တန်း (/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်နေပြည်တော်ရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန သင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးဦးရဲတင့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ဒေသအစုံတွင် ပြည်သူများနှင့်လက်တွေ့အနီးကပ် တာဝန်ထမ်းဆောင်ရသည့် ဌာနဖြစ်သည့်အတွက် အရည်အချင်းပြည့်ဝသည့်ဝန်ထမ်းများ ဖြစ်စေရေးအတွက် စွမ်းရည်မြှင့်သင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများသည် ပြည်သူ့ဆက်ဆံရေးကောင်းသည့် ဝန်ထမ်းများဖြစ်ရန်လိုအပ်ပြီး ရာထူးအဆင့်နှင့်လိုက်လျော ညီထွေဖြစ်သည့် အသိပညာ၊ အတတ်ပညာများ တတ်မြောက်ထားရန် လိုအပ်ပါကြောင်း၊ စာကြည့်တိုက်လုပ်ငန်းသည်ဦးစီးဌာန၏ အဓိကလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ပြည်နယ်၊ တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်မည့်သူများသည် စာကြည့်တိုက်လုပ်ငန်းများ အောင်မြင်အောင် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်းစိတ်ဝင်တစားဖြင့် ကြိုးစားလေ့လာသွားရန်မှာကြားလိုကြောင်း ပြောကြားသည်။

ယခုဖွင့်လှစ်သည့် လုပ်ငန်းခွင်အကြိုလေ့ကျင့်ရေးသင်တန်းကို စက်တင်ဘာ ၄ ရက်မှ၂၂ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၂၇ ဦး တက်ရောက်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြများက ဦးစီးဌာန၏ မူဝါဒနှင့်အခန်းကဏ္ဍ၊ ရည်မှန်းချက်တာဝန်များ၊ ဤဦးစီးဌာနဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ငန်းလက်စွဲ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ငွေစာရင်းထိန်းသိမ်းနည်း၊ စာကြည့်တိုက်လုပ်ငန်းများ စီမံခန့်ခွဲရေး၊ Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင် ရွက်နိုင်ရန်အတွက် Digital Libr-ary Management System (DLMS) အသုံးပြုနည်း၊ သတင်း အမှန်များကို ပြည်သူများအချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရေး လျင်မြန်သွက်လက်စွာ ထုတ်ပြန်နိုင်စေရန်နှင့် မီဒီယာကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် သတင်းအပြန်အလှန် စီးဆင်းရေး၊ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု(MIL)၊ လူမှုမီဒီယာ(Social Media) သိကောင်းစရာများ၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း၊ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေဘာသာရပ်များအပြင် လူထုဟောပြောနည်း၊ လက်ကမ်းစာစောင်နှင့် နံရံကပ်စာစောင်ပြုလုပ်ခြင်း စသည့်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment