Tuesday, September 5, 2023

မြန်မာနိုင်ငံမှ တက္ကသိုလ်ငါးခုနှင့် အိန္ဒိယနိုင်ငံရှိ အငယ်စားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

 


နေပြည်တော် စက်တင်ဘာ ၄

ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinary Kumar ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် Naypyitaw State Academy ၌ ဘာသာရပ်ခြောက်ခု တွင်ပါရဂူတန်းများ ဖွင့်လှစ်မည်ဖြစ် သောကြောင့် အိန္ဒိယတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ တက္ကသိုလ်ငါးခုနှင့် အိန္ဒိယနိုင်ငံရှိ အငယ်စားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ အိုင်စီတီ၊ အသိဉာဏ်တု၊ အဏ္ဏဝါသိပ္ပံ၊ အဏုဇီဝ၊ အင်္ဂလိပ်စာသင်ကြားရေး၊ စီးပွားရေးစီမံခန့်ခွဲမှု၊ သက်မွေး ပညာ၊ ဆရာအတတ်ပညာဘာသာ ရပ်များအတွက် ပညာတော်သင် ပိုမိုစေလွှတ်နိုင်ရေး၊ Open University ကို အွန်လိုင်းဖြင့် ပို့ချပေးနိုင်မည့်အခြေအနေ၊ အိန္ဒိယပညာရေးဌာနများမှ အဆင့်မြင့် အရာရှိများနှင့် မြန်မာဘက်မှ ညွှန်ကြားရေးမှူးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် ချိတ်ဆက်ဆွေးနွေးရေး၊ပညာတော်သင်များပိုမိုခေါ်ယူပေးနိုင်မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး အိန္ဒိယသံအမတ်ကြီးနှင့်အတူ ပထမအတွင်းဝန် Mr. Abhijit Shu- kla တက်ရောက်သည်။

သတင်းစဉ်

No comments:

Post a Comment