Sunday, September 10, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ရှိဆေးရုံများ အတွင်းအပြင် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

 




နေပြည်တော် စက်တင်ဘာ ၁၀

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့်အတူ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေ မှုကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ နေပြည်တော် ခုတင်-၁၀၀၀ ပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့အား ဆေးရုံ အုပ်ကြီး ပါမောက္ခဒေါက်တာရဲမြင့်က ဆေးရုံကြီးအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းကို အပတ်စဉ်ဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တာဝန်ရှိသူများသည် ဆေးရုံကြီးအတွင်း၊ အပြင်တွင်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ မှဝန်ထမ်းများ၊ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များက ဆေးရုံအတွင်း၊ အပြင် ပတ်ဝန်းကျင် သန်ရှင်သာယာရေး၊ သစ်ပင်များအား အလင်းဖွင့်ခြင်း၊ အဆောက်အဦအမိုးအပေါ်တွင် ကျရောက်နေသည့် သစ်ကိုင်းရှင်းလင်းခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့ အတွက် စုပေါင်း သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။ 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံ၏ အတွင်း၊ အပြင်တွင်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ မှဝန်ထမ်း များ၊ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များက ဆေးရုံအတွင်း၊အပြင် ပတ်ဝန်းကျင် သန့်ရှင်သာယာရေး၊ သစ်ပင်များအား အလင်းဖွင့်ခြင်း၊ အဆောက်အဦအမိုးအပေါ်တွင် ကျရောက်နေသည့် သစ်ကိုင်းရှင်းလင်းခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက် များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားသည်။ 

ယနေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ မြို့နယ်ရှစ်မြို့နယ်အတွင်းရှိ ခုတင်(၁၀၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီး တစ်ရုံ၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး လေးရုံ၊ ခုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံ တစ်ရုံ၊ ခုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံ တစ်ရုံ၊  ခုတင်(၁၀၀)ဆံ့ ပြည်သူ့ ဆေးရုံ နှစ်ရုံ၊ ခုတင်(၅၀)ဆံ့ ပြည်သူဆေးရုံ ခြောက်ရုံ၊ ခုတင်(၂၅)ဆံ့ ပြည်သူ့ဆေးရုံ တစ်ရုံ၊ ခုတင်(၁၆)ဆံ့ တိုက်နယ်ဆေးရုံ ခြောက်ရုံ စုစုပေါင်း ဆေးရုံ (၂၂)ရုံတွင် သက်ဆိုင်ရာ မြို့နယ်များ အလိုက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်း များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဆေးရုံအတွင်း၊ အပြင် ပတ်ဝန်းကျင်သန်ရှင် သာယာရေး၊ သစ်ပင်မျာအား အလင်းဖွင့်ခြင်း၊ အဆောက်အဦ အမိုးအပေါ်တွင် ကျရောက် နေသည့် သစ်ကိုင်းရှင်းလင်းခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီး ရေလာကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးများကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)

No comments:

Post a Comment