Sunday, September 10, 2023

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးနှင့် အမျိုး သမီးနှင့် ကလေးအထူးကု ဆေးရုံကြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှု

 





မော်လမြိုင်  စက်တင်ဘာ ၉

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံ အင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေး အတွက် အလေးထား ဆောင်ရွက် လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူ များသည် စက်တင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီး ဆေးရုံ ပုရဝုဏ်အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ၊ အဆောက်အဦနှင့် မလွတ်ကင်းသည့် သစ်ကိုင်းများအား စက်ပစ္စည်းကိရိယာများ ဖြင့်ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် အရပ်ဖက်လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နေ လုပ်သား ပြည်သူများက ဆေးရုံအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး သန့်ရှင်းသာယာလှပမှုရှိ စေရန်၊ သန့်ရှင်း၍ စိမ်းလန်း စိုပြေစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်တို့ကို လမ်းညွှန်မှာကြားကာ မော်လမြိုင်မြို့၊ ကုတင်(၅၀၀)ဆံ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း ပြည်နယ်ဆေးရုံကြီး(၂)ရုံ၊ ခရိုင်/မြို့နယ်ဆေးရုံ(၁၁)ရုံ၊ တိုက်နယ်ဆေးရုံ (၁၁)ရုံ စုစုပေါင်းဆေးရုံ(၂၂)ကို စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဝိုင်းဝန်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment