နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ ပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့်
ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့ကို အထူးအလေးထားကာ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် တိုင်းပြည်သာယာဝပြောရေး၊
စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ် ချမှတ်ပြီး
နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်
အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်နယ်အတွင်း
တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်း
ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ လူငယ်လူရွယ်များ ပညာရည်မြင့်မားလာအောင် ဆောင်ရွက်ပေးခြင်းဖြင့်
အနာဂတ် နိုင်ငံတော်အတွက် အားထားရမည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိလာမည်ဖြစ်ကြောင်း၊
လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးကို ပြည်သူများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း
ပြောကြားသည်။
ဆက်လက်၍
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်
(၅) ရပ် နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်အပေါ် ကယားပြည်နယ်အနေဖြင့်
ကဏ္ဍ အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်လာမှုအခြေအနေများကို
ဆွေးနွေးပြောကြားသည်။
ယင်းနောက်
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများက လွိုင်ကော်မြို့အတွင်း
တိုးမြှင့်ပြုပြင်ဆောင်ရွက်ပေးစေလိုသည့် လမ်း/အဆောက်အဦဆိုင်ရာကိစ္စ၊ အိမ်ခြံမြေလုပ်ငန်း
ဖွံ့ဖြိုးရေး ဆိုင်ရာများ၊ အခြေခံစားသောက် ကုန်များ ဈေးနှုန်းတည်ငြိမ်မှုရှိပြီး ဖြန့်ဖြူးရောင်းချရေးဆိုင်ရာ
ကိစ္စ နှင့် ဒေသတည်ငြိမ်အေးချမ်းမှု ရှိစေရေးကိစ္စရပ်များကို တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊
ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တင်ပြချက်များအပေါ်ပြန်လည်
ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment