စစ်တွေ စက်တင်ဘာ ၆
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်တွေတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ စစ်တွေတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်း၊ မြင့်မိုရ်ထက်မြင့်သော၊ ဘုဘု စသော တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များ၏ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်း လာစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း။
ယခုကဲ့သို့ လူငယ်စကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ကျင်းပပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ၏ အသိအမြင်၊ အတွေးအခေါ်များကိုဖလှယ်နိုင်ပြီး မိမိတွင်ရှိသော ပင်ကိုအရည် အသွေး၊ အစွမ်းအစများကို ထုတ်ဖော်ပြသခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ စစ်တွေခရိုင် ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းနှင့် စစ်တွေ တက္ကသိုလ် အရှေ့တိုင်းပညာဌာနမှနည်းပြ ဒေါ်မေဘုတို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင် ဆောင်ရွက်ကြပြီး စစ်တွေတက္ကသိုလ် ရူပဗေဒဒုတိယနှစ် ဂုဏ်ထူးတန်း ကျောင်းသား မောင်ထက်အာကာမိုး၊ မြန်မာစာ မဟာတန်းကျောင်းသား မောင်အောင်ကြည်လင်း၊ ဥပဒေပထမနှစ် ကျောင်းသူ မဆုမြတ်နိုး၊ အင်္ဂလိပ်စာဒုတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူ မထူးရတနာမြင့်၊ အရှေ့တိုင်းပညာ ဒုတိယနှစ်ကျောင်းသူ မအေးနန္ဒာနှင့် ဥပဒေပထမနှစ် ကျောင်းသား မောင်စည်သူနိုင်ထွန်းတို့က လူငယ်နှင့် လောကနီတိခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများက ဗိုလ်ရှုသဘင်၊ ရိုးရာကမမ၊ မျက်ဝန်းလဲ့ပြာပြာ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်မေးမြန်းဆွေးနွေးကြကာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်းက အမှတ်တရလက်ဆောင်များပေးအပ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment