နေပြည်တော် စက်တင်ဘာ ၆
သမိုင်းဝင်ပုဂ္ဂိုလ်နှင့် အထိမ်းအမှတ်မော်ကွန်းဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ သမိုင်းဝင်ပုဂ္ဂိုလ်နှင့် အထိမ်းအမှတ်မော်ကွန်းဥပဒေ (မူကြမ်း) အား လတ်တလောပြဋ္ဌာန်းရန် သင့်၊ မသင့် နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရာ သမိုင်းဝင်ပုဂ္ဂိုလ်နှင့် အထိမ်းအမှတ်မော်ကွန်းဥပဒေ သည် လက်ရှိအခြေအနေများအရ လတ်တလောပြဋ္ဌာန်းသင့်ကြောင်းနှင့် ဥပဒေတွင် ပြဋ္ဌာန်းလိုသည့်အချက်များကို အပြီးသတ်စိစစ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment