နေပြည်တော် စက်တင်ဘာ ၃
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ဗုဒ္ဓတက္ကသိုလ်သို့သွားရောက်၍ အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိအား ဖူးမြော်ကြည်ညိုပြီး နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဗုဒ္ဓတက္ကသိုလ်ဝင်းအတွင်း ခရေပင်များကို စိုက်ပျိုးပေးကာ စာကြည့်တိုက်ကို လေ့လာကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂) သံမဏိစက်ရုံ
(ပင်းပက်) သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှတ်
(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းသည် နိုင်ငံတော်အတွက်အရေးကြီးသည့် စီမံကိန်းဖြစ်၍
ဝန်ထမ်းများက အောင်မြင်အောင်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံရှိဝန်ထမ်းများအနေဖြင့်
ခေတ်မီနည်းပညာများရရှိရေး၊ ကိုင်တွယ်မောင်းနှင်ရမည့် စက်ပစ္စည်းကိရိယာများနှင့်ပတ်သက်၍
ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်အောင် စဉ်ဆက်မပြတ်လေ့လာသင်ယူရန်၊ အလုပ်ရုံခွဲအလိုက်
ပြုပြင်ပြီးဖြစ်သည့် စက်ပစ္စည်းကိရိယာများကို စမ်းသပ်မောင်းနှင်ရန်နှင့် အမြဲမပြတ်စစ်ဆေး
ပြုပြင်သွားရန်၊ စက်ပစ္စည်းကိရိယာများအား ပြုပြင်ခဲ့သည့် အခြေအနေများကို မှတ်တမ်းထားရှိရန်၊
စက်ရုံခွဲအလိုက် တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်
အဆင့်ဆင့်တို့ကို ကျေညက်အောင် လေ့လာထားရန်၊ စက်ပစ္စည်းကိရိယာများ တစ်စုံတစ်ရာဖြစ်ပွားပါက
ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် (SOP) များကို ကြိုတင် မျှော်တွေးရေးဆွဲထားရန်၊ စက်ရုံ၌
မမျှော်မှန်းနိုင်သည့် အရေးပေါ်ကိစ္စရပ်များဖြစ်ပွားလာပါက ဆောင်ရွက်မည့်အစီအမံများကိုလည်း
ပြုစုရေးဆွဲထားရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ စက်ရုံမှူးက တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများအား
စစ်ဆေးပြုပြင်ဆောင် ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံတို့ကို ရှင်းလင်းတင်ပြရာ
ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်နိုင် ရေးအတွက်
ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်အစီအမံများကို ကဏ္ဍအလိုက် အသေးစိတ်ညှိနှိုင်း ဆွေးနွေးသည်။
ယနေ့ နံနက်ပိုင်းတွင် အမှတ် (၂) သံမဏိစက်ရုံ၏ မိုးရာသီသစ်ပင်
စိုက်ပျိုးပွဲတော်ကို စက်ရုံဝင်းအတွင်း ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ရတနာတန်းဝင်ကျွန်းပင်ကို
စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်တို့က သတ်မှတ်နေရာများ၌ ရတနာတန်းဝင်
ကျွန်းပင်ကို စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဝန်ထမ်းများ
သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။ ယနေ့ အမှတ် (၂) သံမဏိစက်ရုံ
(ပင်းပက်) ၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင် ကျွန်းပင်
၁၀၀ နှင့် ထင်းရှူး၊ စိန်ပန်းပြာပင် ၄၀၀၊ စုစုပေါင်း သစ်ပင် ၅၀၀ စိုက်ပျိုးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်
တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေးအတွက် စက်ရုံခွဲများအလိုက်
စစ်ဆေးပြုပြင်ရမည့် အစိတ်အပိုင်း တစ်ခုချင်းစီအလိုက် ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို
ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ခဲ့ပြီး အောက်ဆီဂျင် ထုတ်လုပ်ရေး အလုပ်ရုံ သံရည်ကျိုမီးဖိုနှင့်
စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment