နေပြည်တော် သြဂုတ် ၅
တောင်သူနည်းပညာပေး ဆွေးနွေး ပွဲ (Farmer’s Forum) ကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်နယ်မြေရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တောင်သူလယ်သမားရုပ်သံခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်၊
စိုက်ပျိုးရေးသုတေသန ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊
ဝန်ကြီးဌာနအောက်ရှိ နည်းပညာကျွမ်းကျင်ပညာရှင်များနှင့် ဒဏ္ခိဏသီရိမြို့နယ်မှ
တောင်သူများတက်ရောက်ကြ သည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တောင်သူလယ်သမားကဏ္ဍ
ရုပ်သံလိုင်းနှင့် အခြားလူမှုကွန်ရက်မီဒီယာများမှ နည်းပညာပေးလုပ်ငန်းများ
ဆောင်ရွက်ပေးနိုင်ရေးသာမက တောင်သူများနှင့် ပညာရှင်များအကြား ပိုမိုနီးကပ်စွာ
ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းသစ်များ ဖော်ထုတ်အသုံးချ ဆောင်ရွက်ကြရန် ယနေ့ဖွင့်လှစ်သည့်
တောင်သူနည်းပညာပေး ဆွေးနွေးပွဲသည် တောင်သူလယ်သမားများ အကျိုးစီးပွားမြှင့်တင်ရေးအတွက်
သုတေသီများ၊ ပညာရှင်များနှင့် စိုက်ပျိုးပညာပေးတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သည့်
Smart Movement ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ဝင်ငွေရပြီး စိုက်ပျိုးရေအနည်းငယ်သာလိုအပ်သည့်သီးနှံများ
ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ရေအသုံးချ သူများအဖွဲ့(WUG)များအနေဖြင့်
လက်တွေ့ဆန်ဆန် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု
ကွင်းဆက်တစ်လျှောက် လုံး အင်အားကောင်းသော အစုအဖွဲ့များအဖြစ် လှုပ်ရှားလာကြစေရေး တိုက်တွန်းပါကြောင်း
ပြောကြားသည်။
ထို့နောက် တောင်သူနည်း ပညာပေးဆွေးနွေးပွဲကို ဆက်လက်
ကျင်းပရာ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန အပင်ရောဂါ သုတေသန ဌာနစုမှ တာဝန်ရှိသူက မတ်ပဲ
သီးနှံ အပင်အသေအပျောက်များ ခြင်း ပြဿနာဖြေရှင်းရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ
အလေ့အကျင့်များ၊ ပိုးမွှားရောဂါကာကွယ် နှိမ်နင်း နည်းစနစ်များဆိုင်ရာ
အချက်အလက်များကို ရှင်းလင်းတင်ပြရာ ဆွေးနွေးပွဲတက်ရောက် လာကြသော တောင်သူများက
မတ်ပဲစိုက်ပျိုးရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြ ဆွေးနွေးကြပြီး
သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ
ဖြေရှင်းပေးရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက် ပေးနိုင်ရေးအတွက် သုတေသီများ၊
ပညာရှင်များ၊ စိုက်ပျိုးပညာပေး တာဝန်ရှိသူများနှင့် တောင်သူများအကြား နီးကပ်စွာ ဆွေးနွေး
အဖြေရှာ ဖော်ထုတ်ပေးနိုင်ရေး အတွက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲ (Farmer's Forum) ကို
အပတ်စဉ်စနေနေ့တိုင်းကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment