၂၀၂၃ ဇန်နဝါရီ ၁၁ ရက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူ အများ၏ ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေရေး၊ ပြည်တွင်း ထုတ်ကုန်များ နှင့် နယ်စပ်ဒေသမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ရေးစသည့် ရည်မှန်းချက် တာဝန်များချမှတ်၍ ရထားကွန်ယက်ကြီးတစ်ခုလုံးတွင် အမြန်လူစီးရထား ခရီးစဉ် (၁၆)စင်း၊ စာပို့ရထားခရီးစဉ် (၁၂)စင်း၊ လူစီးကုန်တင် ရထားခရီးစဉ်(၈)စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံး ရထားခရီးစဉ် (၃၀)စင်း၊ စုစုပေါင်း ရထားခရီးစဉ် (၆၆)စင်းတို့နှင့် ကုန်ရထားခရီးစဉ်များကို နေ့စဉ် စီစဉ်ပြေးဆွဲလျက်ရှိသကဲ့သို့ ရထားလမ်းပိုင်းများ ကြံ့ခိုင်ရေးနှင့် အဆင့်မြှင့်တင်နိုင်ရေးတို့အတွက် ကျောက်ရထားများ၊ အင်ဂျင်နီယာရထားခရီးစဉ်များဖြင့်လည်း သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ
မွန်ပြည်နယ်၊ ဇင်းကျိုက်ဘူတာ၌ ဌာန၏ လမ်းခင်းကျောက်များသယ်ယူရန် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင်
ပဲခူးမှ ထွက်ခွာလာသည့် ကျောက်တင်တွဲလွတ် (၁၃)တွဲ ချိတ်ဆက်ပါရှိသော အမှတ်(၃၇၅)အဆန် ကျောက်ရထားသည်
ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာနှင့် ရင်းငြိမ်ဘူတာအကြား
မိုင်တိုင် အမှတ်၊ ၁၄၈/၂၁-၂၄ သို့ ည ၆ နာရီခန့်တွင် ဖြတ်သန်းစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ
ထောင်ထားသည့် မိုင်းပေါက်ကွဲမှု ကြောင့် ရထားတွဲဆိုင်းပါ စက်ခေါင်း၊ ကျောက်တင်တွဲ
(၃)တွဲနှင့် ကုန်တွဲ(၁)တွဲတို့ လမ်းချော်ကျ၍ ရထားလမ်းပိတ်ဆို့မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
လမ်းချော်ကျခဲ့သည့် စက်ခေါင်းနှင့်တွဲများအား ပြန်လည် မတင်ပြီး၊ လမ်းပိုင်းပြုပြင်ကာ
ယနေ့နံနက်ပိုင်းမှစ၍ ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲပေးနေပြီ ဖြစ်သည်။
အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် စက်ခေါင်းနှင့်တွဲများ
၊ ရထားသံလမ်းများ၊ ကွန်ကရစ်ဇလီဖားတုံးနှင့် လမ်းခင်းကျောက်တို့ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ ရထားလမ်းပိတ်ဆို့မှုကြောင့်
လူစီးရထား များဖြင့် လိုက်ပါလာသည့် ခရီးသည်(၁၅၀၀)ကျော်တို့သည် လမ်းခရီး၌ အခက်အခဲများစွာ
ကြုံတွေ့ ခဲ့ရကြောင်း သိရှိရသည်။
အလားတူပင် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့်
မြန်မာ့မီးရထား၏ ပဲခူး-မော်လမြိုင် လမ်းပိုင်းအတွင်း ဇန်နဝါရီ ၂ ရက် ညနေပိုင်းတွင်လည်း
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်ဘူတာမှ ဌာနပိုင်လမ်းခင်းကျောက်များ သယ်ဆောင်ထွက်ခွာလာသည့်
အမှတ်(၆၈၇) အစုန် ကျောက်ရထား တွဲဆိုင်းအား သထုံမြို့နယ်၊ ရင်းငြိမ်နှင့် သထုံဘူတာအကြားတွင်
PDF အမည်ခံ
အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲမှုပြုလုပ်ခဲ့သောကြောင့် ကျောက်တင်ထားသည့် ရထားတွဲ(၃)တွဲ
လမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး ကွန်ကရစ်ဇလီဖားတုံး(၁၁၅)တုံး၊ သံလမ်း (၅)ပေခန့် ပြတ်ထွက်၍
သံလမ်း(၆)ချောင်း ပျက်စီးသွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် လူစီးရထားခရီးစဉ်များ ကြန့်ကြာခဲ့ရပြီး
ခရီးသည်ပေါင်း (၂၅၀၀)ခန့် အခက်အခဲလွန်မင်းစွာ ကြုံတွေ့ခဲ့ရသည်။
PDF
အမည်ခံအကြမ်းဖက်သမားများအနေဖြင့်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင်
လမ်းပိုင်းအတွင်း ရထားလမ်းများ၊ တံတားများအား ရည်ရွယ်ချက်ရှိရှိဖြင့် တံတားမိုင်းခွဲခံရမှု(၅)ကြိမ်၊
သံလမ်းမိုင်းခွဲခံရမှု (၃)ကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှု (၆)ကြိမ် စုစုပေါင်း
(၁၄)ကြိမ်နှင့် ဘူတာ/ ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်စီးခြင်း(၁)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြသည်။
ထို့အတူ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးအနေဖြင့်
ရထားလမ်းနှင့် ရထားဘူတာ နယ်မြေများ အတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း(၁၀၅)ကြိမ်၊
ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၃၄)ကြိမ်၊ ဘူတာများအား မီးရှို့ဖျက်ဆီးခြင်း
(၉)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြပြီးဖြစ် သည်။
ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်
မွန်ပြည်နယ်တို့ရှိ အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးအတွက်
အဓိကအားထားနေရသည့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတွင် လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များ
ပြေးဆွဲမှုနှောင့်နှေး ကြန့်ကြာစေရေး၊ ခရီးသွားပြည်သူများနှင့် ကုန်စည်များ ထိခိုက်ဆုံးရှုံးမှု
ဖြစ်ပေါ်စေရေးအတွက်သာမက ပြည်သူလူထုအတွက် ရထားလမ်းစနစ်ပိုမိုကြံခိုင် တောင့်တင်းလာအောင်
စီစဉ်ဆောင်ရွက်နေသည့် ဌာနပိုင်လမ်းခင်းကျောက်သယ်ဆောင်သည့်
ရထားခရီးစဉ်များကိုပါ ယုတ်မာရက်စက်စွာ အကြိမ်ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်စီးမှု ကျူးလွန်နေကြသည့်
PDF အမည်ခံအကြမ်းဖက်သမားများအား
ဒေသခံပြည်သူတစ်ရပ်လုံးမှ စက်ဆုပ်ရွံရှာပြီး ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment