Monday, January 2, 2023

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး လျက်ရှိသော ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်း၏ တာဝါတိုင်(၁)တိုင် ဖောက်ခွဲဖျက်ဆီးခံရမှုနှင့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ် ပေးနိုင်မှုအခြေအနေအား သတင်းထုတ်ပြန်ခြင်း

နေပြည်တော်   ဇန်နဝါရီ     

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် နှစ်သစ်ကိုကြိုဆို သည့်အခမ်းအနားများ ကျင်းပချိန်အတွင်း လျှပ်စစ်ဓာတ်အားမပြတ် တောက်ရေး ကြိုးပမ်းဆောင်ရွက်နေချိန် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း)သို့ လျှပ်စစ်ဓာတ်အား (၂၅၀) မဂ္ဂါဝပ် ခန့် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း   မဟာဓာတ် အားလိုင်း၏ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ညောင်လေးပင် ခရိုင်၊ ကျောက်တံခါးမြို့အနီးရှိ တာဝါတိုင်(၁)တိုင်ကို NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များမှ (၁-၁-၂၀၂၃) ရက်နေ့ (၀၁:၀၀) နာရီ၌  ဖောက်ခွဲဖျက်ဆီးခဲ့၍  တာဝါတိုင်တိမ်းစောင်းသွားခဲ့သဖြင့်   လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ  ဝန်ထမ်းများသည် (၁-၁-၂၀၂၃) ရက်နေ့ (၁၃:၀၀) နာရီမှစတင်ကာ တာဝါ တိုင်လဲကျ၍ ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး အမြန်ဆုံးပြင်ဆင် ဆောင်ရွက် လျက်ရှိပါသည်။

ထို့အတူ ပုံမှန်ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ပုံမှန်ပို့လွှတ်နေ သည့် ဓာတ်ငွေ့ပမာဏထက် လျှော့ချပို့လွှတ်နေစဉ် (၃၁-၁၂-၂၀၂၂) ရက်နေ့ (၁၁:၀၀) နာရီခန့်တွင် ရတနာကမ်းလွန်ပလက်ဖောင်းပေါ်ရှိ ဓာတ်ငွေ့ ဖိအား ထိန်းချုပ်စနစ်ချို့ယွင်းကာ မူလဓာတ်ငွေ့ ပို့လွှတ်မှု ပမာဏထက်လျော့ကျခဲ့၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝ ဓာတ်ငွေ့စက် ရုံများမှ   စုစုပေါင်းထုတ်လုပ်မှု     (၅၃၀) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့သဖြင့်     ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဓာတ်အားစနစ်ကွန်ရက် တည်ငြိမ်မှု ရှိစေရန်အတွက် အခြားသော ၂၃၀ ကေဗွီ  ဓာတ်အားလိုင်းများမှ ဝန်အားမျှ၍ ပို့လွှတ်ဖြန့်ဖြူးခြင်းများကို ဆောင်ရွက်လျက် ရှိပါသည်။

သို့ဖြစ်ပါ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်  ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်အား အမြန် ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိသလို ရတနာ ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ  သဘာဝဓာတ်ငွေ့အမြန်ဆုံး ပြန်လည်ရရှိရေး ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဆိုပါ ပြင်ဆင်မှုလုပ်ငန်း များ ဆောင်ရွက်နေ ချိန်အတွင်း မလွှဲမရှောင်သာ ဓာတ်အားထိန်းညှိဖြန့်ဖြူးခြင်းများ  ဆောင်ရွက်ရမှုအပေါ်    ပြည်သူလူထုအနေဖြင့် နားလည်ပေးနိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။ 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန


No comments:

Post a Comment